🍁29🍁

982 85 15
                                    

#အပိုင်း-၂၉

"ဒယ်ဒီ..! မာမီ့..! ဟင့်..အသွင်..အသွင့်ကိုပြန်ခေါ်လို့မရတော့ဘူးလားဟင်"

မိဘတွေလဲ မကြာခင်မှာရောက်ရှိလာကြပြီး သားဖြစ်သူ၏အခြေအနေကြောင့် မယုံနိုင်ဖြစ်ကာ ဆွံ့အနေကြသည်။ သွင်မင်းညို မနေနိုင်စွာ ဖခင်ဖြစ်သူကို ပြေးဖက်ရင်း ရှိုက်ကြီးတစ်ငင်ငိုကြွေးမိပြန်သည်။

"အဲ့တာတွေအားလုံးကျွန်တော့်ကြောင့်ပါ..! အသွင်ခုလိုဖြစ်တာ‌ကျွန်တော့်ကြောင့်..! ကျွန်တော့်ကိုပဲအပြစ်ပေးကြပါ..! အသွင့်ကို ပြန်လာနိုင်အောင်လုပ်ပေးကြပါ..!"

အခန်းထဲကဆရာ၀န်အားလုံးဟာ အသဲအသန် နှလုံးနှိုးစက်ကို အသုံးပြုရင်း သွင်မင်းငယ်အား ကယ်တင်ဖို့ကြိုးစားနေကြသည်။ အချိန်ကြာသည်အထိ ထူးခြားမလာသည်ကြောင့် ဆရာ၀န်များဟာ လက်လျှော့ဖို့ကြိုးစားလိုက်ကြတော့သည်။

---------💔𝐅𝐀𝐋𝐒𝐄 𝐑𝐄𝐕𝐄𝐍𝐆𝐄💔--------

"သဘောကျလိုက်တာ"

ဤနေရာသည် ဘယ်နေရာလဲ ကျွန်တော်မသိ။ သိဖို့လဲ မကြိုးစားချင်။ နာကျင်ခဲ့သမျှ ဒီနေရာရောက်မှ အရှင်းပျောက်သွားသလိုခံစားချက်ကို ရနေသည်။

နေရာတိုင်းမှာ နှစ်သက်သည့်အဖြူရောင်လေးတွေကိုသာ မြင်တွေ့နေရသည်။ ပန်းခင်းကြီးဟာလဲအဖြူ။ သစ်ပင်တိုင်းဟာလဲအဖြူ။ လိပ်ပြာလေးတွေကလဲအဖြူ။

ဖြစ်နိုင်ရင် အိမ်ကိုတောင်မပြန်ချင်တော့ဘူး။ ဒီမှာပဲနေလိုက်ချင်တော့သည်။ နာကျင်မှုကင်းတဲ့ ဒီနေရာလေးကို အရမ်းသဘောကျသည်။

၀မ်းနည်းတာတွေလဲမရှိသလို၊ စိတ်ညစ်တာတွေလဲမဖြစ်။ အရာရာကိုမြင်လိုက်တိုင်း ကြည်နူးသဘောကျနေမိသည်။

အင်း.....။

ကျွန်တော် ဒီမှာပဲ အမြဲနေသွားတော့မယ်။ ဒီနာကျင်မှုကင်းတဲ့နေရာလေးမှာပဲ။

"ကိုကိုငယ်..!"

ရုတ်တရက်ဘေးမှ ထွက်လာသော အသံလေးကြောင့် ချက်ချင်းလှည့်ကြည့်လိုက်မိသည်။ ပြုံးပြနေသည့် ကောင်မလေးက အရမ်းချစ်ဖို့ကောင်းလိုက်တာ။

ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]Donde viven las historias. Descúbrelo ahora