🍁16🍁

698 76 13
                                    

#အပိုင်း-၁၆

"သားရဲ့ချစ်သူဆိုတဲ့ လူအကြောင်း မင်းတို့ဘယ်လောက်သိသလဲ"

သားဖြစ်သူဟာ ကားပေါ်မှာ ငိုလာသည်‌ဆိုသော ကိုးတို့အပြောကြောင့် စိတ်ခုနေရတာအမှန်။ သေချာစုံစမ်းဖို့တော့ လိုနေပြီမဟုတ်လား။

"ကျွန်တော်သိထားတာက သူကမိသားစုမရှိဘူး၊ သူငယ်ချင်းအိမ်မှာနေတယ်၊ ပြီးတော့ မိန်းကလေးတစ်ယောက်ကလဲ အဲ့ဒီအိမ်ကိုအ၀င်အထွက်ရှိတယ်"

"သိလှချည်လားကိုး..ဘယ်ကထဲက စုံစမ်းထားတာလဲ"

သိပ်သိတာပေါ့။ ကိုးတစ်ယောက် သားငယ်အပေါ် ဘယ်လိုစိတ်မျိုးထားလဲဆိုတာ။ စိတ်ချရသူတစ်ယောက်ဖြစ်တာကြောင့် ဘာမှထုတ်မပြောမိခြင်းပင်။

အကယ်၍သားငယ်မှာသာ ချစ်ရသူရှိမလာခဲ့ရင်၊ ယောက်ျားလေးတွေကို စိတ်၀င်စားတတ်မှန်းအ‌စောကတည်းကသိခဲ့ရင် သားငယ်ကို ကိုးနဲ့နေရာချထားပေးမိမှာအမှန်ပဲ။

"ဟို သခင်လေးအနားရှိတဲ့လူက လူကောင်းလား၊ လူဆိုးလား သိချင်လို့ ကြိုပြီးစုံစမ်းထားတာပါ"

"လူကောင်းမှဟုတ်ရဲ့လား"

"ဟုတ်ကဲ့သခင်ကြီး..မကောင်းတဲ့လူတစ်ယောက်မဟုတ်တာတော့အမှန်ပါ..ဒါပေမဲ့...."

"ဒါပေမဲ့ ဘာဖြစ်လဲ..?"

"အဲ့ဒီအိမ်မှာ အ၀င်အထွက်လုပ်နေတဲ့ မိန်းကလေးက သခင်လေးချစ်သူနဲ့ တစ်ခုခုပတ်သက်နေသလိုပဲ...ဟို မသေချာသေးပါဘူး..ကျွန်ဝောာ်တို့ ထပ်ပြီးစုံစမ်းနေတုန်းပါ"

"ဟုတ်ပြီ..တိတိကျကျအဖြေရတာနဲ့ ငါ့ကို တန်းပြီးအသိပေးပါ"

"ဟုတ် သခင်ကြီး"

သားငယ်ရဲ့ချစ်ရသူနဲ့တစ်နေ့မှ သေချာတွေ့ပြီး စကားပြောကြည့်ရမယ်။ သားငယ်ကို သူသာတစ်ကယ်ချစ်ရင် ငိုအောင်လုပ်ပါ့မလား။

---------💔𝐅𝐀𝐋𝐒𝐄 𝐑𝐄𝐕𝐄𝐍𝐆𝐄💔---------

"လူကြီး"

ပခုံးပေါ်ခေါင်းအပ်လျက်ခေါ်လာသည့် သွင်ငယ့်အသံက ခပ်ဆွေးဆွေး။ ကျွန်တော်သူ့ဖုန်းကို မကိုင်လို့ ၀မ်းနည်းနေပုံပင်။

ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]Where stories live. Discover now