🍁8🍁

739 80 7
                                    

#အပိုင်း-၈

လှပတဲ့ နှင်းဆီဖြူတွေများပြားသည့် ပန်းခင်းကြီးထဲ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားရသည်မှာ ကြည်နူးစရာကောင်းလွန်းလှသည်။

အဖြူရောင်တွေကြားမှာကို ပိုပြီး ဖြူစင်နေတဲ့သူက ဘာလို့များ ရန်သူဖြစ်နေရတာလဲ။ ရန်သူ..?  သွင်ငယ်က ကျွန်တော့်ရန်သူဆိုပေမဲ့ ကျွန်တော်ဘာလို့ သူ့လက်ကို တွဲထားမိပါလိမ့်။

"ချစ်တယ် သွင်ငယ်"

ကျွန်တော့်ပါးစပ်ကနေ လွှတ်ခနဲထွက်သွားတာက ချစ်တယ်တဲ့။ လက်ချောင်းတွေကလဲ သွင်ငယ်ရဲ့ပါးပြင်ထက်မှာ။ တယုတယကိုင်ပြီးတော့ကို ကျွန်တော်သူ့ကို ဘယ်လောက်ချစ်ကြောင်း ရင်ဖွင့်နေမိတာ။

"ကျွန်တော်လဲ လူကြီးကိုအရမ်းချစ်တာ..အရမ်းပဲလူကြီးရယ်..အရမ်းပဲ"

သွင်ငယ်ဘက်က ထွက်ပေါ်လာတဲ့ ချစ်ကြောင်း၀န်ခံတဲ့စကားလေးနဲ့အတူ နှုတ်ခမ်းတစ်စုံဟာလဲ ထပ်တူကျသွားရသည်။ လှပတဲ့နှုတ်ခမ်းတွေဟာ ဘာကြောင့် သွေးအရသာလို ဖြစ်နေရတာလဲ။

ထိကပ်ထားတဲ့ နှုတ်ခမ်းတွေကို လျှင်မြန်စွာခွာကြည့်မိတော့ ရှေ့မှာရှိနေတဲ့ သွင်ငယ်ဟာ ရုပ်ပျက်ဆင်းပျက်ကို သွေးတွေနှင့်မြင်မကောင်း။ ဘေးပတ်၀န်းကျင်ကို ကြည့်မိတော့ အဖြူရောင်နှင်းဆီပန်းတွေဟာလဲ မရှိတော့။

"ကိုကို...!! ဟီးဟီး...ဒီမှာ မီးလေး အရုပ်လှလှလေး ကောက်ရလာတယ်"

လက်ထဲက သွေးများပေကျံနေသည့်အရုပ်ကို မြှောက်ပြရင်း ပြုံးရယ်နေသည့်မီးလေးဟာ ကျွန်တော့်အနားသို့ပြေးလာနေသည်။ နီးကပ်လာလေ ပိုကြောက်စရာကောင်းလေ ဖြစ်နေသည့် မီးလေးလက်ထဲက အရုပ်လေးဟာ သွင်ငယ်နှင့်တစ်ပုံစံထဲပင်။

ထိုအရုပ်လေး မီးလေးလက်ထဲမှ ဝေးရာသို့လွင့်စင်သွားချိန် ကျွန်တော့်အနားက သွင်ငယ်ဟာလဲ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။

"သွင်ငယ်..!"

မှိတ်ကျနေသည့် မျက်လုံးတွေဟာ ဆတ်ခနဲ ပွင့်သွားရသည်။

"ကျစ်..! အိပ်မက်ပဲလားကွာ...ဟူးးး"

"သွင်ငယ်တဲ့လား လက်စားချေမယ့်လူကြီးရဲ့"

ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ