#အပိုင်း-၂၄
*ခွမ်း..!*
ကြားလိုက်ရသည့်အသံကြောင့် စည်သူဟာ ချက်ချင်းဆိုသလို သွင်မင်းငယ်ရှိရာအခန်းထဲမှ ထွက်သွားလေသည်။ အခန်းအပြင်ထွက်လျင်ထွက်ချင်းမှာပဲ ရုတ်တရက်ရောက်လာသော ခေါင်းထက်ကအထိအတွေ့တစ်ခုကြောင့် မျက်လုံးများပင် ပြာဝေသွားရပြီး ကြမ်းပြင်ပေါ်သို့လဲကျသွားလေတော့သည်။
"ကိုး..! ဘာလို့..ကျစ်..!"
"မင်းကဘာဖြစ်နေတာလဲ...ဒီကောင်က ယောက်ျားရင့်မာကြီးပါ သေမသွားနိုင်ဘူး ဟုတ်ပြီလား"
အခန်းတိုင်းကို ဖွင့်ရှာဖို့ကြိုးစားနေစဉ်မှာပဲ ကြားလိုက်ရတဲ့ ခြေသံကြောင့် ဤအခန်းထဲတွင်လူရှိနေမှန်းသိလိုက်ရသည်။ သခင်လေးအခန်းရှာနေတုန်းမှာ ဒီလူသာထွက်လာရင် ဇယားတွေရှုပ်ကုန်မှာဆိုး၍ ကြိုတင်ရှင်းထားရတာဖြစ်သည်။
ပန်းအိုးတစ်လုံးကို ကြမ်းပြင်ပေါ် သေချာပစ်ချကာ အခန်းထဲက လူထွက်လာချိန်ကို စောင့်ရင်း ဤသို့လုပ်ချလိုက်ရခြင်းပင်။ ကိုးက ဘာကိုမကျေမနပ်ဖြစ်နေလဲတော့ ကျွန်တော်တစ်ကယ်မသိ။
"စိုင်း သခင်လေးကိုရှာရဦးမှာ...မင်းကဘာဖြစ်နေတာလဲ"
"သူသွေးထွက်လွန်ပြီးသေသွားရင် မင်းတာ၀န်ယူမှာလား"
"ဟာ..ဟေ့ကောင်စိုင်း..ခုချိန်မှာသခင်လေးက အရေးကြီးဆုံးပဲ...သူသေလဲ မင်းနဲ့ငါ သောက်ဂရုစိုက်စရာမလိုဘူး..!"
ကိုးဟာ စိုင်းကို စကားဆက်မပြောတော့ဘဲ စည်သူထွက်လာသည့်အခန်းထဲကို ၀င်ရှာဖို့လုပ်လေသည်။
"သခင်လေး..!!"
အခန်းထဲ၀င်၀င်ချင်းမြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကိုးခြေထောက်များပင် ခွေကျချင်သွားသည်။ ချစ်ရသူက ကုတင်ထက်မှာ လဲလျောင်းနေသည်တဲ့လား။
"သခင်လေး ဘာဖြစ်တာလဲ...သခင်လေး..သခင်လေး..!"
ခေါ်လို့မရသည့်သခင်လေးက သတိမေ့နေသည်လား။ ဖြူဥလှသော လက်ကလေးမှာလည်း ပတ်တီးများနှင့်။ ဘယ်လိုဖြစ်ရတာလဲ သခင်လေးရယ်။
ချက်ချင်းဆိုသလို သတိရလိုက်တာက အခန်းရှေ့ကကောင်။ သူ့ကိုမေးမှရမယ်။ ရေချိုးခန်းကိုရှာရင်း ရေများများယူကာ အခန်းရှေ့သတိလစ်နေသောကောင်ပေါ်သို့ လောင်းချလိုက်မိသည်။
YOU ARE READING
ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]