🍁6🍁

755 102 27
                                    

#အပိုင်း-၆

"အင့်..ဟင့်..အဟင့်.."

ဘယ်ကမှန်းမသိထွက်လာနေတဲ့ ငိုရှိုက်သံတွေကြောင့် ကျွန်တော် အဖြေရှာရန် အမှောင်တောထဲ တိုး၀င်မိသည်။ မဲမှောင်နေတဲ့ ဤနေရာက ကျွန်တော့်အနားတစ်ဝိုက်မှာတော့ လင်းနေသယောင်။

"ဟင့်...ငါ့ကို..ဟင့်..! ငါ့ကို လုပ်ရက်လွန်းတယ်..!"

ငိုသံတွေနဲ့အတူ အော်ဟစ်သံတွေကပါ အပြိုင်ထွက်လာလေသည်။ ကြောက်စိတ်ကြောင့် ရပ်တန့်ဖို့ကြိုးစားလိုက်သည့် ခြေလှမ်းတွေဟာ တုံ့ဆိုင်းခြင်းမရှိ ရှေ့ဆက်၏။

ပိုမိုနီးကပ်လာသည့် ငိုရှိုက်သံတွေကို ကျွန်တော် ရင်းနှီးနေသည်။ အသံ...ထိုအသံကို ကျွန်တော် အလွန်ရင်းနှီးသည်။

"အားးးး..! ငါ့မှာတော့ချစ်လိုက်ရတာ..! ဟင့်..ငါ့မှာတော့ရူးမတက်ချစ်ခဲ့ရတာ...သူက..သူက ဟန်ဆောင်နေခဲ့တာတဲ့.! မချစ်ဘူးဆိုလဲ ပြောလေ..! ဟင့်..အစကထဲကပြောပေါ့..! နာကျင်စေချင်တာဆိုလဲပြော...ခင်ဗျားကြီးအမိန့်ကိုလွန်ဆန်နိုင်မှာလား..! ခုတော့ကျွန်တော့ဘ၀ကို..ဟင့်..! ရက်ရက်စက်စက် ဖျက်စီးရက်တယ်..!"

နားလည်အောင်ကြိုးစားသော်လဲ ရှုပ်ထွေးသည့်စကားတွေကိုသာပြောရင်းငိုနေသည့် ထိုလူသား။ ထိုငိုနေသောလူသား၏ကျောပြင်ကို မြင်လိုက်ရသည့်အချိန်တွင် ပန်းပွင့်ဖြူလေးတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများပင် ထသွားရသည်။

"ဒီမှာခင်ဗျ...အကူအညီလိုသလားလို့ပါ"

တုန်ရီစွာမေးလိုက်မိတော့ ချက်ချင်းရပ်သွားတဲ့ ငိုသံ။ ထို့နောက်တွင်တော့ အက်ကွဲစွာထွက်ပေါ်လာသောအသံနှင့်အတူ မိမိဘက်လှည့်လာသော ထိုလူသား။

"သူမင်းကို ဖျက်စီးမှာ...! သူ့ကြောင့်မင်းပျက်စီးရလိမ့်မယ်..!!"

လှည့်ကြည့်လာသော လူ၏မျက်နှာကိုမြင်လိုက်ရချိန်တွင် ပန်းပွင့်ဖြူလေးအိပ်ယာထက်မှ လန့်နိုးလာခဲ့သည်။ အိပ်မက်ထဲတွင်နောက်ဆုံးသူမြင်လိုက်ရသည်က မျက်ကွင်းတွေညိုနေပြီး ပါးရိုးတွေပါထင်းနေသည့် သူနှင့်တစ်‌ထေရာထဲတူ‌သောပုံရိပ်။ မျက်ရည်တွေဟာဆိုရင်လဲ မြင်မကောင်းခဲ့။

ғᴀʟsᴇ ʀᴇᴠᴇɴɢᴇ ✓ [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin