1

12.1K 749 42
                                    

Unicode

ဆေးနံ့တွေ ထုံမွှန်းနေသည့်နေရာအား ခြေချလိုက်သည်နှင့် ရိပေါ်နှာခေါင်းရှုံ့လိုက်မိတယ်။ ဆေးနံ့တွေကို မုန်းတာမဟုတ်ပေမယ့် အရမ်းအနံ့ပြင်းရင်တော့ အောင့်သက်သက်ဖြစ်ရတာပါပဲ။ လျှောက်လမ်းအတိုင်း လျှောက်လာပြီး mainဆောင်ထဲရောက်သည်နှင့် ကောင်တာဆီသို့သွားကာ နပ်(စ်)တစ်ယောက်အားမေးလိုက်ရတယ်။

"နှလုံးအထူးကုက ဘယ်နားမှာလဲ"

"ဆရာဝန်ပြချင်လို့လားရှင့်"

"ဧည့်တွေ့ချင်တာပါ၊ ဒေါက်တာအိုက်ချင်နဲ့တွေ့ချင်လို့"

"သြော် ဒေါက်တာအိုက်ချင်က ခွဲခန်းဝင်နေတာဆိုတော့ ခဏလောက်စောင့်ပေးမလား"

"ရတယ်၊ သူ့ရုံးခန်းက ဘယ်နားမှာလဲ၊ ရုံးခန်းထဲပဲသွားစောင့်လိုက်မယ်၊ ဒီမှာက လူများပြီးဆူတယ်"

"ဒါဆိုလည်း လိုက်ပြပေးပါ့မယ်၊ အဲ ဒေါက်တာရှောင်း အတော်ပဲရှင်"

လိုက်ပြပေးဖို့ ကောင်တာထဲက ထွက်လာတဲ့ နပ်(စ်)က လူတစ်ယောက်ကိုမြင်သည်နှင့် ခြေလှမ်းရပ်ကာ ပြောလာတယ်။
နပ်(စ်)လေးကြည့်နေသောနေရာအား ရိပေါ်လှည့်ကြည့်လိုက်တော့ ခြေလှမ်းကျဲကြီးတွေဖြင့် လျှောက်လှမ်းလာသည့်လူအား တွေ့လိုက်ရတယ်။ ပြီးတော့ ထိုလူက နပ်(စ်)ကို ပြုံးပြနေတယ်။

"လင်းရိ ဘာဖြစ်လို့လဲ"

"ဒီလူငယ်လေးက ဒေါက်တာအိုက်ချင်နဲ့ တွေ့ချင်လို့တဲ့၊ ဒေါက်တာကခွဲခန်းဝင်နေရတော့ နားနေခန်းမှာစောင့်နေချင်တယ်ဆိုတာနဲ့ အဲ့တာ"

"အဲ့တော့ အကိုက လိုက်ပို့ပေးရမယ်ဆိုပါတော့"

"လမ်းကြုံလေးခေါ်သွားပေးရင်တော့ အဆင်ပြေတာပေါ့ဒေါက်တာရယ်"

"ဟားဟား ဟုတ်ပါပြီဗျာ၊ ဒီဘက်ကလူငယ်လေး အကို့နောက်လိုက်ခဲ့နော်၊ အကိုလည်း အိုက်ချင်နဲ့ ဌာနတစ်ခုတည်းကပဲ"

"ဒါဆို အပ်ခဲ့ပြီနော်ဒေါက်တာ"

"အကို့တာဝန်ထားပါ"

"ကျေးဇူးပါရှင် နေ့လယ်မှ coffeeဝယ်တိုက်ပါ့မယ်"

"မှတ်ထားလိုက်ပြီဗျာ"

My Doctor [Completed]Where stories live. Discover now