9

5.3K 466 16
                                    

Unicode

အဲ့ဒီနေ့အဖြစ်အပျက်ပြီးနောက်ပိုင်း ရှောင်းကျန့်အနား မြေခွေးတစ်ကောင် ရစ်ဝဲလာတယ်။ သူဆေးရုံကိုလာတိုင်း ရှောင်းကျန့်က အဲ့ဒီဒေါက်တာနဲ့ အမြဲရှိနေတတ်ပြီး သူ့ကိုဆက်ဆံတဲ့ပုံစံနဲ့ ကွဲပြားစွာပဲ ရှောင်းကျန့်က အဲ့ဒေါက်တာအပေါ် အများကြီးဖော်ရွေနေခဲ့တာ။

နှစ်ပတ်လောက်ထိ သည်းခံကြည့်ပြီးပြီ။ မထူးလာဘူး။ ညဘက်တွေ ဖုန်းဆက်လည်း ငါးမိနစ်ထက် ပိုမကြာဘူး။ တစ်ခြားဖုန်းဝင်လာလို့ဆိုပြီး ချချသွားတာတွေ၊ ဆေးရုံလာတိုင်း မအားသေးဘူးဆိုပြီး သူ့ကိုတွေ့ဖို့ရှောင်တာတွေ၊ အဆိုးဆုံးက အဲ့ဒီဒေါက်တာနဲ့ လိုအပ်တာထက်ပိုရင်းနှီးနေတာတွေပဲ။

ဒီလူက ကိုယ့်အပိုင်ပါလို့ တံဆိပ်မနှိပ်ရသေးခင် အခြားသူနဲ့ရင်းနှီးသွားမှာမျိုး မလိုချင်ဘူး။ အခုထိ သူ့ဘက်ကပဲ လိုက်ကပ်နေရတဲ့ ဆက်ဆံရေးမျိုးမှာ ကြားလူဝင်လာတာက စိတ်ရှုပ်စရာပါပဲ။

"ကိုယ်မကြိုက်လိုက်တာကွာ"

သူ့ဆီရောက်ရောက်ချင်း ဝမ်ရိပေါ်က အရင်းမရှိ အဖျားမရှိပြောလာတယ်။

"ဘာကိုလဲ"

"ဒေါက်တာ့အနားမှာ အလုပ်အကြောင်းပြပြီး တောက်တဲ့လိုကပ်နေတဲ့ ကပ်ပါးကောင်ကိုပေါ့"

"ဝမ်ရိပေါ် စကားပြောဆင်ခြင်ပါ"

"ကိုယ့်ကို စကားပြောဆင်ခြင်စေချင်ရင် ဒေါက်တာလည်း အနေအထိုင်ဆင်ခြင်လေ"

"ဘာ!!"

လူကိုများ အနေအထိုင်ဆင်ခြင်တဲ့။ ဒါ၆နှစ်ငယ်တဲ့ကောင်လေးက သူ့ကိုပြောတဲ့စကား။ အနေအထိုင်ဆင်ခြင်ရအောင် သူကဘာလုပ်နေလို့လဲ။

"ဒီမယ်ဝမ်ရိပေါ်"

"နားထောင်နေပါတယ်ရှောင်းကျန့်"

ရွဲ့နေတာ။ သူ့ကိုဝမ်ရိပေါ်က သေချာပေါက်ရွဲ့နေတာ။

"အနေအထိုင်ဆင်ခြင်ဆိုတော့ ငါကဘာတွေများ အများအမြင်မှာ မသင့်တော်တာတွေလုပ်နေလို့လဲ"

"အများအမြင်မှာတော့ သင့်တော်ချင်သင့်တော်နေမှာပေါ့၊ ကိုယ့်အမြင်မှာတော့ မသင့်တော်ဘူးလေ"

My Doctor [Completed]Where stories live. Discover now