8

5.5K 454 18
                                    

Unicode

ချစ်ခြင်းမေတ္တာမှာ အသွားအပြန်ဆိုတာရှိတယ်။ အခု ဝမ်ရိပေါ်က ရှောင်းကျန့်ဆီ ဖြေးဖြေးနဲ့မှန်မှန်လေး သွားနေပါတယ်။ ရှောင်းကျန့်ဘက်က မှန်မှန်နဲ့မြန်မြန်လေးပြန်လာဖို့သာလိုတော့တာ။

^^

"ငါမြင်ဖူးချင်တယ်၊ မင်းကိုဒီလောက်ထိ သည်းသည်းလှုပ်သွားစေတဲ့တရားခံကို"

"နောက်နေ့မှ ပုံပြမယ်"

"ဟေ့ကောင် အဲ့လိုတော့ရမလားကွ၊ ငါကအပြင်မှာတွေ့ဖူးချင်တာ၊ လုံးဝအသေးစိတ်"

"အဲ့တာတော့မရဘူး၊ ငါ့ကိုကိုက ကြိုက်မှာမဟုတ်ဘူး"

မူးယစ်စေတတ်တဲ့ အပြင်းစားဝီစကီခွက်ကို အသာလှုပ်ရမ်းရင်း ဝမ်ရိပေါ်ကငြင်းတယ်။ ဟောက်ရွှမ်းကလဲ ဇွတ်တရွတ်ပါပဲ။

"မျက်နှာလေးမြင်ဖူးချင်ရုံပဲကို ဘာတွေတွန့်တိုနေတာလဲရိပေါ်ရာ"

"တွန့်တိုစရာလား၊ ငါ့အချစ်က သိပ်လှလို့ ခေါင်းပေါ်မှာရွက် ဒါကျွန်တော့်ကောင်လေးပါဆိုပြီးတောင် တလောကလုံးကို ပတ်ကြွားပစ်ချင်တာ"

"ဒါဆိုပြီးနေပြီကို၊ မင်းပြောသလို ဟုတ် မဟုတ် ငါကအတည်ပြုချင်တာ"

"ငါတစ်ယောက်တည်းနဲ့တောင် သူစိတ်ရှုပ်ချင်နေမှာကို မင်းကပါလိုက်လာရင် သူအဆင်ပြေမှာမဟုတ်ဘူး၊ သူမကြိုက်တဲ့အရာတွေတော့ ငါရှောင်ချင်တယ်ဟောက်ရွှမ်း"

"သူမကြိုက်တဲ့ တဇွတ်ထိုးတွေကျ ခနခနလုပ်နေတဲ့လူကများ"

"မတူဘူးလေကွာ၊ ငါကသူ့ကိုချစ်တဲ့ကောင်၊ မင်းကကျ ဘာဆိုင်လို့လဲ"

"မင်းကသူ့ကိုချစ်နေတယ်ဆိုပေမယ့် သူ့ဘက်ကမှမဟုတ်သေးတာ၊ အဲ့တော့ မင်းနဲ့သူနဲ့ကရော ဆိုင်လို့လား"

အရက်လေးနဲနဲဝင်တာနဲ့ ဗီဇက ပြလာပြီ။ ဟောက်ရွှမ်းက မူးလာရင် ရစ်တတ်တဲ့အကျင့်လေးရှိနေတာက ဝမ်ရိပေါ်လို စိတ်မရှည်တတ်သူအတွက်တော့ ပြဿနာပါ။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်က အကျင့်စရိုက်မတူကြပေမယ့် ပေါင်းမိကြတုန်းပဲ။ မတူတဲ့အရာတွေကြားက တူတာ တစ်ခုတော့ရှိတယ်။ ခေါင်းမာပြီး ဆတ်ဆတ်ထိမခံတတ်ကြတာ။

My Doctor [Completed]Where stories live. Discover now