4

6.9K 553 19
                                    

Unicode

"ညကျရင် ဖုန်းဆက်လို့ရလားဗျ"

နေ့ခင်းစာ စားပြီးပြီးချင်း ဝမ်ရိပေါ်က တောင်းဆိုလာတာ။ ထမင်းစားနေတုန်းလည်း သူ့ပန်းကန်ထဲကိုပဲ ဟင်းတွေ တစ်မျိုးပြီးတစ်မျိုး ထည့်ပေးနေခဲ့ပြီး ဝမ်ရိပေါ်ကတော့ နည်းနည်းလောက်သာစားတယ်။

"မရဘူး"

"မရလဲဆက်မယ်"

"အဲ့ဒါများ မေးနေသေးလား"

"အသိပေးတဲ့သဘောပါပဲ"

"ဖုန်းက ဘာလို့ဆက်မှာလဲ၊ အကိုတို့ကြားမှာ ဖုန်းဆက်ရလောက်တဲ့အထိ လုံလောက်တဲ့ အကြောင်းပြချက်မရှိဘူးထင်တာပဲ"

"အကြောင်းပြချက်ရှိစရာမလိုပါဘူး၊ ကိုယ်ကဆက်ချင်လို့ဆက်တာလေ၊ အဲ့တော့ ဒေါက်တာကလည်း ကိုယ်ဖုန်းဆက်ရင် ကိုင်ကိုကိုင်ရမှာ"

ကိုယ်က သူပြောတိုင်း လိုက်လုပ်နေရအောင် ၁၆နှစ်သားလည်းမဟုတ်။ သူ့ဟာသူ ဆက်ချင်ဆက်ပါစေပေါ့၊ မကိုင်ရင်ရပြီပဲ။

"အခု စိတ်ထဲကနေ ဖုန်းမကိုင်ဖို့တွေးနေရင် ရပ်လိုက်နော်၊ ကိုယ်က ဖုန်းမကိုင်မချင်းခေါ်မှာ၊ စက်ပိတ်ဖို့ဆို တွေးကိုမတွေးနဲ့၊ အဲ့လိုဆို ဒေါက်တာ့အိမ်ရှေ့ထိလာမှာ"

"မင်းဘယ်လိုလူလဲ"

"ကိုယ်က ဘယ်လိုလူလဲဆိုတာ အခုမသိသေးလည်းရပါတယ်၊ အချိန်ယူပြီး သိအောင်လုပ်ပေါ့၊ ကိုယ့်မှာ အချိန်တွေပေါပါတယ်"

"အကိုကတော့ ဒီလိုကလေးကလားလုပ်နေဖို့ အချိန်မပေါဘူး၊ သွားခွင့်ပြုပါဦး"

"ညကျ ကိုယ့်ဖုန်းကို မျှော်နေနော်"

သူ့ကို လှည့်ပင်မကြည့်ဘဲ ထွက်သွားတဲ့ ဒေါက်တာကိုကိုအားကြည့်ကာ ကြိတ်ပြုံးရတော့တယ်။

သူတို့နှစ်ယောက်ကို စပ်စုချင်နေတဲ့ ကန်တင်းက လူနည်းစုလဲ ရှိနေပါတယ်။ သေချာတာတော့ သူအော်ပြောလိုက်လို့ ဒေါက်တာကိုကိုက ရှက်သွားမှာသေချာတယ်။

"အဟက်"

.................

"ဒီတော့ မင်းပြောချင်တာက မင်းအခု ရင်ခုန်ရမယ့်သူတွေ့ပြီပေါ့"

My Doctor [Completed]Where stories live. Discover now