6

6.2K 501 19
                                    

Unicode

"သား ဆေးရုံဘက်မှာ ခြေရှုပ်နေတယ်ဆို၊ သားကြိုက်နေတဲ့သူဆိုတာ ဆေးရုံကပဲလား"

"သတင်းကမြန်လိုက်တာမားရာ"

"မင့်ဦးလေးပေါ့၊ သူ့တူအကြောင်းသိလို့ ပြဿနာရှာမှာစိုးလို့တဲ့ မားကိုဖုန်းဆက်ပြောတယ်"

"အဟား ဦးကြီးတို့ကတော့ လုပ်ပြီဗျာ၊ လူကိုဆို ပြဿနာရှာမယ်ပဲထင်နေတာ"

"မဟုတ်လို့လား"

ကုမ္ပဏီသွားဖို့ထွက်လာတဲ့ ပါးဆီက ခနဲ့သံလေးထွက်လာတော့ မားမျက်စောင်းကလည်း ပါးဆီဒိုင်းကနဲ။

"ဘာလဲ မအေတူသားလို့ပြောဦးမလို့လား၊ ယောကျ်ားနော်"

"မဟုတ်ပါဘူးမိန်းမရယ်"

"မဟုတ်လည်းပြီးတာပါပဲ၊ အလုပ်သွားတော့မလို့လား"

ပါးက ခေါင်းငြိမ့်ပြတော့ မားကပါးဆီကနေ လက်ဆွဲအိတ်ကိုပြောင်းယူပြီး အိမ်ရှေ့က ကားနားအထိလိုက်ပို့ပေးတယ်။ သဲကဲနေတဲ့ လူကြီးစုံတွဲကို မမြင်ချင်တာနဲ့ coffeeကိုသာ ငုံ့သောက်နေလိုက်တော့တယ်။

စိတ်ထဲမှာလည်း ဦးလေးဖြစ်သူ ဆေးရုံအုပ်ဆီ အလည်သွားဖို့ကို တွေးလိုက်ပါသေးတယ်။

....................

ဆေးရုံရောက်တာနဲ့ ဆေးရုံအုပ်ကြီးရုံးခန်းဆီ တည့်တည့်လျှောက်လာခဲ့တယ်။ ဒီချိန်ဆို သူ့ဒေါက်တာက ခွဲခန်းဝင်နေတုန်းပဲ ရှိပါသေးတယ်။ သူကသာ ဦးကြီးဆီဝင်ချင်သေးလို့ တမင်စောထွက်လာခဲ့တာ။

ဒေါက် ဒေါက် ဒေါက်

"ဝင်ခဲ့"

အသံကအစ သြဇာညောင်းလှတဲ့ ဦးကြီးရယ်ပါ။

သူတံခါးကို အသာလေးဖွင့်ဝင်တော့ သူ့ကိုမြင်တာနဲ့ ဦးကြီးက ထိုင်နေရာမှ မတ်တပ်ရပ်လာတယ်။ မျက်လုံးကလည်း ပြူးနေသေးတာ။ လူကိုများ သရဲသဘက်မြင်သလို။

"နေကောင်းလားဦးကြီး"

"အေး မင်းကိုမမြင်ခင်ကထိ ကောင်းနေသေးတာ"

"ကျွန်တော့်ကိုလွမ်းပြီး လွမ်းဆိပ်တက်နေတာမလား"

"ဝေးသေးတယ်၊ ဒီကိုဘာလာလုပ်တာလဲ"

My Doctor [Completed]Where stories live. Discover now