5

6.7K 548 21
                                    

Unicode

သူဆေးရုံကိုရောက်တာနဲ့ ဝင်ပေါက်မှာ အိုက်ချင်ကျဲနဲ့တိုးတယ်။

"စီနီယာရှောင်းဆီပဲလားရိပေါ်"

"ဆိုပါတော့ဗျာ"

"အချိန်မှန်သားပဲ"

"အိုက်ချင်ကျဲရဲ့ ကျေးဇူးတွေကြောင့်ပါ"

ဆိုလိုသည်မှာ ရှောင်းကျန့်ရဲ့ အလုပ်အချိန်ဇယားအား အိုက်ချင်ကျဲက ဝမ်ရိပေါ်ကို တစ်ခုမကျန်ပြောပြထားခြင်းကြောင့်ပင်။

"အခုလည်းထပ်ပြီး ကျေးဇူးတင်ခံရဦးမယ်ထင်တယ်၊ တို့ရှောင်ပေးထားမှာမလို့ နားနေခန်းမှာ နှစ်ယောက်သား လွတ်လွတ်လပ်လပ်တွေ့ကြပါ"

"ဒီလိုဆို ကျွန်တော်က ထပ်ပြီးကျေးဇူးတင်တာပေါ့"

နှစ်ယောက်သား စကားတပြောပြောနဲ့ လျှောက်လာရင်းက ကောင်တာနားရောက်တော့ ဝမ်ရိပေါ်က လင်းရိကျဲရဲ့ မျက်စောင်းထိုးခြင်းကို ခံလိုက်ရတယ်။ ဒါကို သတိထားမိတဲ့ အိုက်ချင်ကျဲကတော့ သူ(မ)၏ ချစ်သူလေး အူပုတ်နေခြင်းအပေါ် ကျေနပ်နေဟန်ဖြင့် ပြုံးလို့နေပါတယ်။

ဒီလိုအခြေအနေမျိုးကိုတော့ စုံတွဲတိုင်း ကြည်နူးတတ်ကြမှာ ပုံမှန်ပါပဲ။ ကိုယ့်ချစ်သူက ကိုယ့်ကိုအခြားသူနဲ့ သဝန်တိုခြင်းဟာ ချစ်ခြင်းကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့ အမူအကျင့်လေးပဲမဟုတ်လား။ ဒီလိုဆိုတော့လည်း ဝမ်ရိပေါ်နဲ့အိုက်ချင်ကျဲကို လင်းရိကျဲက သဝန်တိုနေသလို ရှောင်းကျန့်ကလည်း လင်းရိကျဲနည်းတူ သူတို့နှစ်ယောက်ကို သဝန်တိုနေရင်ကောင်းမယ်လို့လည်း မဆီမဆိုင် တွေးမိသေးတယ်။

တွေးနေရင်းက ရှေ့မှာ မျက်နှာတည်ကြီးနဲ့ လာကြည့်နေတဲ့ လင်းရိကျဲကို စချင်လာတာမို့...​

"လင်းရိကျဲဆီ အိုက်ချင်ကျဲကို အပ်ပါတယ်၊ ကျွန်တော့်ကျဲကို သေချာလေး စောင့်ရှောက်ပေးပါဦး"

ဝမ်ရိပေါ်က စနောက်သည့်သဘောဖြင့် ပြောလိုက်သော်လည်း လင်းရိကျဲကတော့ အတည်စိတ်ဆိုးသွားဟန်ဖြင့် အိုက်ချင်ကျဲကိုသာ မီးပွင့်မတက် စိုက်ကြည့်နေတော့တာ။

My Doctor [Completed]Where stories live. Discover now