14

5.9K 455 31
                                    

Unicode

ရှက်လိုက်တာပြောပြီး မှောက်သွားသူကို ရှောင်းကျန့်မှာ မနိုင်မနင်းသယ်ယူလာရတာ သူ့အိမ်ရောက်သည်အထိပါပဲ။ ရိပေါ်ရဲ့လိပ်စာကို မေးကြည့်ပေမယ့် ပေါက်ကရတွေ လျှောက်ပြောနေလို့ နောက်ဆုံးတော့အမူးသမားနဲ့ပြိုင်မငြင်းလိုတဲ့သူကပဲ လက်လျှော့လိုက်ရတယ်။

ဘာပေါက်ကရတွေပြောလဲဆိုရင်....

ရှောင်းကျန့်ကားမောင်းနေရင်းကနေ ဘေးကအိပ်နေသူကို လှုပ်နှိုးကာ လိပ်စာမေးရသည်။

"ရိပေါ် မင်းဘယ်မှာနေတာလဲ"

"ဒေါက်...တာ့...ရင်ခွင်ထဲ အေ့!"

တစ်လုံးချင်း လေးလေးပင်ပင်ဖြေလာပေမယ့် လိုချင်တဲ့အဖြေမျိုးတော့မဟုတ်။

"အတည်မေးနေတာရိပေါ်၊ ဘယ်နားမှာနေတာလဲ"

"ဒေါက်တို့ရဲ့ ဟို...နင်း...လေး နားမှာ ခ်ခ်"

လက်နဲ့ ရှောင်းကျန့်ရဲ့ညီငယ်နား ဝေ့ဝဲထိုးပြလာသူက တစ်ခစ်ခစ်နဲ့ရယ်နေသေးတာ။ ဝမ်ရိပေါ်က အရှက်မရှိလိုက်ပုံများ။ အစောက ရှက်လိုက်တာလို့ပြောခဲ့တာ သူမဟုတ်သလို။

"ကောင်းကောင်းဖြေစမ်းရိပေါ်"

"ကောင်း...ကောင်း...က ဘူ လဲ၊ ကျန်း..ရန် ဟုတ်တော့ဘူးလား၊ ကောင်းကောင်းဆိုတာ ကျန်းရန်ရဲ့ အိမ်နာမည်လား"

"ဝမ်ရိပေါ်!!"

"ခင်ညာ"

သူအော်လိုက်တော့ အမူးသမားက မျက်နှာငယ်လေးနဲ့ သူ့ဘက်လှည့်ကြည့်လာတယ်။ ပါးစပ်ကိုလဲ လက်နဲ့အုပ်ထားသေးတာ။ အဲ့တာ ရိပေါ်လုပ်နေကျပါပဲ။ ပေါက်တက်ကရတွေ ခဏခဏလုပ်ပြီးရင် သူမဟုတ်သလို ငြိမ်ကုတ်နေတတ်တဲ့ အကျင့်ဆိုးလေး။ အကျင့်ဆိုးဆိုပေမယ့် ပျော်ဝင်ချင်စရာဆိုလည်းဟုတ်တယ်။

ဒီလိုကနေ လိပ်စာမေးတာကို လက်လျှော့ပြီး ရှောင်းကျန့်အိမ်ကို ခေါ်လာရတော့တာပါပဲ။

အိမ်ပေါက်ဝရောက်တာနဲ့ ရိပေါ်ကအိမ်ထဲ ဒရောသောပါးပြေးဝင်တယ်။

"ရိပေါ် ဘာဖြစ်တာလဲ"

"Toilet? "

"ဟိုဘက်"

My Doctor [Completed]Where stories live. Discover now