11

5.6K 468 28
                                    

Unicode

ဒီရက်ပိုင်း ဝမ်ရိပေါ်ဆေးရုံကို အလာစိပ်လာတာ အိုက်ချင်သတိထားမိတယ်။ ဒါပေမယ့် စီနီယာရှောင်းနဲ့တော့ တပူးပူးတတွဲတွဲမတွေ့ရဘူး။ ဝမ်ရိပေါ်ကသက်သက် ရှောင်းကျန့်ကသက်သက်သာ တွေ့ရတယ်။ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ကိုမြင်ရရင်ပဲ ကျေနပ်နေပုံရပါတယ်။

အနီးတစ်ဝိုက်ကနေ သွားကြည့်သလို တစ်ခါတစ်လေ အဝေးကနေလှမ်းငေးနေတာတွေ့တယ်။ တစ်ခါတစ်ခါ ရုံးခန်းဘက်လည်း သွားသွားချောင်းတတ်သေးတာ။ ဒီပုံစံအတိုင်း ငါးရက်လောက်ရှိပြီ။

ပြောရင်းဆိုရင်း အသက်ရှည်ပါဦးမယ့် မောင်မင်းကြီးသားက ဆိုင်ကယ်တစ်ဝီဝီနဲ့ ရောက်ချလာပါပြီ။ အနောက်မှာ ကောင်လေးတစ်ယောက်လည်းပါလာသေးတယ်။ ဟိုတစ်ခါ ပါလာဖူးတဲ့ကောင်လေးမှန်း မြင်ရုံနှင့်သူသိတယ်။

"အိုက်ချင်ကျဲ"

"အချိန်မှန်ပဲရိပေါ်ကတော့"

"ကြိုးစားရမယ်လေဗျာ"

"အား....ငါမရတော့ဘူးဟေ့ကောင်၊ toiletသွားမှဖြစ်တော့မယ်"

"ကြွကြွ"

အိုက်ချင်ကျဲနဲ့ရိပေါ်စကားပြောနေရာကနေ ဟောက်ရွှမ်းက သူ့နောက်ပေါက်သူအုပ်ကိုင်ကာ အလောတကြီးနဲ့ သန့်စင်ခန်းရှိရာဘက်ပြေးသွားတယ်။

လမ်းမှာတည်းက အဲ့ကောင်ချီးပါချင်နေမှန်းသိပေမယ့် တမင်မရပ်ပေးခဲ့တာ။ ခံပါစေဦး။

"ဒီတစ်ခေါက်တော့ သူငယ်ချင်းပါ ပါလာတယ်ပေါ့"

"ဟောက်ရွှမ်းကို ဆေးရုံတက်ခိုင်းမလို့လေ"

"ဟယ် ဘာရောဂါလဲ၊ အဲ့ကလေးကြည့်ရတာ ဒေါင်ဒေါင်မြည်ပါပဲ"

"အပေါ်ယံပဲကောင်းတာ၊ အဲ့ကောင်ရဲ့နှလုံးက တစ်ခြမ်းပုပ်နေပြီ"

သူ့စကားကြားတော့ အိုက်ချင်ကျဲက မယုံသင်္ကါကြည့်တယ်။ ပြီးမှ....

"ဘာဂွင်တွေဖန်နေပြန်ပြီလဲ" တဲ့။

"အဲ့ဒီဘဲအစုတ်အပဲ့က ခုတလော ကျွန်တော့်ကိုစကားလည်းမပြော အဖက်လည်းမလုပ်ဘူးလေ၊ အဲ့တာကြောင့် ဟောက်ရွှမ်းကို ဆေးရုံတက်ခိုင်းပြီး လူနာအကြောင်းဆွေးနွေးမယ့်အကြောင်းပြချက်နဲ့ စကားပြောလို့ရအောင်ဖန်မလို့ ဟဲဟဲ"

My Doctor [Completed]Where stories live. Discover now