7

5.9K 490 15
                                    

Unicode

ခေါင်းမှာ ပတ်တီးအဖွေးသားနဲ့ အိမ်ပြန်ရောက်လာတဲ့သူ့ကို မားကမျက်မှောင်ကုတ်ပြီးကြည့်တယ်။ သူ့အနား ဖြေးဖြေးချင်းလျှောက်လာပြီး ပတ်တီးနေရာကို ဖွဖွထိပါတယ်။

"ဒါကဘယ်လိုဖြစ်လာတာလဲသား"

စိုးရိမ်ဒေါသဖြင့်မေးလာတဲ့ မားရယ်ပါ။

"တစ်ခုခုလိုချင်ရင် တစ်ခုကိုတော့ ရင်းနှီးရမယ်လေမားရဲ့၊ အခု သားရဲ့ရင်းနှီးမှုလေးက မပြောပလောက်သေးပါဘူး၊ နောက်ထပ်ရင်းနှီးမှုလေးတွေ ကျန်သေးတယ်"

"အနာတရမဖြစ်စေဘဲ ရင်းနှီးလို့ရော မရဘူးလားသားရယ်"

"သူ့ဆီက attentionကို ရချင်ရင်တော့ ဒီတစ်နည်းပဲရှိလို့ပါ၊ သားကို စိတ်မဆိုးဘူးလို့ ကတိပေးပါဦး"

မားရင်ခွင်ထဲ ခွေးပေါက်လေးလို ခေါင်းတိုးဝင်ပြီးချွဲတော့ မားက ဝမ်ရိပေါ်ရဲ့ ဆံသားလေးတွေကို ညင်သာစွာ ပွတ်သပ်ပေးလာတယ်။

"ဒါဆို သားကလည်းအလွန်အကျွံထိခိုက်အောင် မလုပ်ပါဘူးလို့ကတိပေး"

"သားကတိပေးပါတယ်"

"စိတ်ချမယ်နော်သား"

"စိတ်ချပါ"

ဒီလိုနဲ့ စိုးရိမ်စရာ စကားဝိုင်းလေးအဆုံးသတ်ပါတယ်။ ပါးအလုပ်က ပြန်ရောက်ပြီးလို့ ညစာစားတဲ့အခါ ခေါင်းကပတ်တီးကိုမြင်ပြီး မားနည်းတူ ဆူပူပါသေးတယ်။ ဒါပေမယ့် ပါးရဲ့စရိုက်အတိုင်း မားသာခွင့်ပြုရင် မင်းကြိုက်သလိုလုပ်ပါတဲ့။

ဒီလိုမိသားစုမှာ လူလာဖြစ်ခွင့်ရတာဟာလဲ ဆုလာဘ်ပါ။ အရာရာမှာ တားဆီးပိတ်ပင်လိုခြင်း အလျဥ်းမရှိပါဘဲ အနောက်ကနေ အထောက်အပံ့အဖြစ် အမြဲရှိနေပေးလို့ အားတစ်ခုဖြစ်ရသလို လုပ်ချင်တာကို စည်းဘောင်အတွင်းကနေ စိတ်ကြိုက်လုပ်နေသ၍ ဘာလုပ်လုပ်ခွင့်ပြုပေးထားတဲ့ မိဘနှစ်ပါးကြောင့်လည်း သူ့မှာ အမြဲပျော်ရွှင်ရပါတယ်။

သူများသားသမီးတွေနဲ့ နှိုင်းယှဥ်ပြောဆိုမခံရတာဟာလဲ အကောင်းဆုံးဆုလာဘ်ပါပဲ။ ဘယ်အရာပဲလုပ်လုပ် သားဟာ သားထက်သာနေရမယ်ဆိုတဲ့စကားကလွဲ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ ယှဥ်ပြောတာမျိုး မပြုကြတဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်ပြီး အချစ်ပိုရပါသေးတယ်။

My Doctor [Completed]Where stories live. Discover now