15

6K 466 20
                                    

Unicode

ထိုနေ့ညပြီးတဲ့နောက်ပိုင်း အရာရာဟာ အဆင်ပြေခဲ့ပါတယ်။ ဝမ်ရိပေါ်နဲ့ ဟောက်ရွှမ်းက သူငယ်ချင်းအရင်းကြီးတွေသာဖြစ်ကြောင်း ဒေါက်တာ့ကိုသေချာရှင်းပြခဲ့သလို ကျန်းရန်နဲ့ဒေါက်တာကလည်း မိတ်ဆွေအဆင့်ထက်မပိုနိုင်ကြောင်း ဒေါက်တာက သေချာပြောပြလာတယ်။

ပြဿနာက အခုမှစတာပါ။ ဆေးရုံရောက်တာနဲ့ ရှောင်းကျန့်ဆီခြေလှမ်းနေတဲ့ရိပေါ်က အိုက်ချင်ကျဲရဲ့ ဟန့်တားမှုကြောင့် နေရာမှာတင်ရပ်ရတယ်။

နှလုံးသားရပ်ဝန်းဆီ အပြေးသွားချင်ကာမှ ဒီလိုတွေလဲ အတားအဆီးဝင်ပါတယ်။ သူမျက်မှာပျက်နေတာကိုသိတဲ့ အိုက်ချင်ကျဲက ရယ်ကျဲကျဲလုပ်ပြီး ပြောလာတယ်။

"သတင်းကောင်းကြားချင်ရင် မျက်နှာကြီးကို အရင်ပြင်"

သတင်းကောင်းဆိုတဲ့စကားကြောင့် သူ့မျက်နှာချက်ချင်းဝင်းပသွားတော့တယ်။ သတင်းဆိုတည်းက သူ့ဒေါက်တာ့အကြောင်းအပြင် ဘာရှိဦးမလဲ။ သူမျက်နှာအမူအရာပြောင်းသွားတာမြင်တော့ အိုက်ချင်ကျဲက စလာတယ်။

"မျက်နှာကိုက ချက်ချင်းနော်"

"ကျဲကလဲဗျာ၊ ပြောတော့လေ သိချင်နေပြီ"

"အင်း....ပြောရရင် ရှည်မယ်၊ ထိုင်ကြတာပေါ့"

ဒီလိုနဲ့ ဒေါက်တာ့ဆီသွားရမယ့်ခရီးမှာ တစ်ထောင့်နားလိုက်ရပါတယ်။ ဆေးရုံရဲ့ပြင်ပရှိ လူနာများလေကောင်းလေသန့်ရှူရန် ပြုလုပ်ပေးထားသော နေရာများတွင် နှစ်ယောက်ထိုင် ခုံအသေးလေးတွေရှိတယ်။ ထိုနေရာမှာပဲ နှစ်ယောက်သား ထိုင်ဖြစ်ကြရင်း အိုက်ချင်ကျဲက လည်ချောင်းတစ်ချက်ရှင်းကာ စကားရှည်ကြီးကိုဆက်ပါတယ်။

"စီနီယာရှောင်းရဲ့ နှစ်ပတ်တာတွေပေါ့"

ဆိုတာကနေ အစချီလို့ အသေးစိတ်ပြောပြလာတယ်။

​ပြဿနာဖြစ်ပြီးနောက်ရက်မှာ ရှောင်းကျန့် ဆေးရုံရောက်တာနဲ့ ဘေးပတ်ဝန်းကျင်ကို အရင်ဆုံးအကဲခတ်တယ်။ ပြီးတာနဲ့ အိုက်ချင်တို့ကိုနှုတ်ဆက်နေကျလူက အိုက်ချင်တို့ကို နှုတ်မဆက်ဘဲ ကျော်သွားတတ်ပါတယ်။

My Doctor [Completed]Where stories live. Discover now