17

5.4K 440 19
                                    

Unicode

ရိပေါ်နဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်း သူသိသိသာသာကလေးဆန်လာတယ်။ ရိပေါ်ရဲ့ အလျှော့ပေးအလိုလိုက်မှုတွေကြောင့် သူပိုဆိုးချင်လာတယ်။ ရိပေါ်ရဲ့ ဂရုစိုက်မှုတွေကြောင့် သူ့ကိုသူဂရုစိုက်ဖို့တောင် မလိုအပ်တော့တဲ့အထိ ဖြစ်လာတယ်။

အရာရာဟာ အချစ်ကြောင့် လှပတယ်လို့ဆိုရင် သူဟာရိပေါ်ကြောင့်ပဲ ချစ်တတ်ခဲ့တာ။ ဒီကလေးဟာ သူ့ဘဝရဲ့ နွေးထွေးဖော်ပါပဲ။ အိမ်လေးတစ်လုံးဆိုလည်းမမှားဘူး။ ဘယ်အရပ်ဆီပဲလွင့်လွင့် သူနောက်ဆုံးပြန်ခြေချမယ့် အလုံခြုံဆုံးသောအိမ်။

အခုကတော့ ရှောင်းကျန့်ရဲ့အိမ်မှာ နှစ်ယောက်လုံးရှိနေကြပါတယ်။

"ရိပေါ် ကြက်သွန်လှီးပေး"

"ရိပေါ် ဟင်းအိုးအဖုံးလှပ်ပေးဦး၊ ဟင်းရည်တွေဝေကျကုန်မယ်"

"ရိပေါ် ပန်ကန်းလေးနှစ်ချပ်လောက် ယူပေးပါဦး"

"ရိပေါ်...."

"လာပါပြီ လာပါပြီ မမောသေးဘူးလားဟင်၊ ဒေါက်တာ့ကိုကြည့်ပြီး မောင်မောလိုက်တာ"

အမှန်တော့ ရှောင်းကျန့်က ဟင်းချက်သည်ဆိုတာ အမည်ခံသက်သက်ပါ။ အစကနေ အဆုံးထိ လိုက်လုပ်ပေးရသူက ဝမ်ရိပေါ်ပဲ။ ရှောင်းကျန့်က အစပ်အဟပ်တည့်သည့် ဟင်းတစ်ခွက်ရလာဖို့ လိုအပ်တဲ့ အရသာမှုန့်တွေကို အချိုးကျကျထည့်ပေးရုံသာ။

"ငါမမောပါဘူးမောင်ရယ်"

"ဘာမမောဘူးလဲ၊ ဒါဆို ဒါတွေက ဘာတွေလဲ"

လက်ထဲအသင့်ပါလာတဲ့ တစ်ရှူးနဲ့ ရိပေါ်က ရှောင်းကျန့်နှဖူးပေါ်စီးကျနေတဲ့ ချွေးစက်တွေကို တယုတယသုတ်ပေးရင်း ဆူပူတယ်။ တစ်ကယ်ပါပဲ သူကအကြီးလား ကိုယ်ကအကြီးလားတောင် မခွဲခြားတတ်တော့တဲ့အထိ။

"မောင်ပဲအကုန်လုပ်ပေးပါ့မယ်၊ ဒေါက်တာကထိုင်စောင့်နေတော့"

"ဒါပေမယ့်...."

"သွားပါ၊ ဟင်းကကျက်တော့မှာကို၊ သွားစောင့်နေ"

ခဏကြာတော့ အငွေ့တစ်ထောင်းထောင်းထနေတဲ့ ဟင်းလျာများက ထမင်းစားပွဲပေါ်အစီအရီနေရာယူတယ်။ ရှောင်းကျန့်လဲ ဘေးကနေ ယူစရာရှိတာတွေယူပေးပြီးနောက် စားပွဲဝိုင်းလေးက ပြီးပြည့်စုံသွားတော့တယ်။ ဝိုင်နှစ်ခွက်လဲ အဆင်သင့်ရှိနေပါတယ်။

My Doctor [Completed]Where stories live. Discover now