12

5.6K 462 16
                                    

Unicode

ရှောင်းကျန့်ဂျူတီချိန်ပြီးလို့ နာရီကြည့်တော့ ၉ခွဲလို့နေပြီ။ အိမ်ပြန်မည်လုပ်မှ နေ့လယ်က ဝမ်ရိပေါ်ပြောခဲ့တာကို သတိရတော့တယ်။ ဂျူတီပြီးတဲ့အထိ စောင့်နေမယ်တဲ့။

သူလည်း တစ်နေကုန်မနားရတော့ ဝမ်ရိပေါ်ကို မေ့သွားတယ်ဆိုတာထက် အလုပ်ကိုသာ စိတ်နှစ်ထားမိတော့တာ။ တစ်ကယ်စောင့်နေလောက်မလားဆိုတဲ့အတွေးဝင်လာတာနဲ့ ဂျူတီကုတ်ကိုချွတ်ပြီး ခြေလှမ်းမြန်မြန်နဲ့ ဆေးရုံဝန်းထဲပတ်ရတယ်။

ဘယ်ဌာနမှာမှ ဝမ်ရိပေါ်ရဲ့အရိပ်အယောင်ကို မတွေ့ရတော့မှ ရှောင်းကျန့်လည်းသက်ပြင်းချနိုင်ပါတယ်။ မဟုတ်ရင် အဲ့ဒီကောင်လေးက အစာမစားဘဲ စောင့်နေတော့မှာသူသိတယ်။

တွေးလို့မှမဆုံးသေး ဆေးရုံပြင်ပရှိ ခုံတန်းတွင် ဝမ်ရိပေါ်က ရှေ့မှစားပွဲပေါ်သို့ ခေါင်းမှောက်ချလျက် အိပ်ပျော်နေတာကိုတွေ့လိုက်ရတယ်။ သူချက်ချင်းပဲ အနားကိုသွားတော့ ဝမ်ရိပေါ်က ယောင်နေသေးတာ။

'ဒေါက်တာကိုကို' ဟု တိုးဖွဖွရွတ်နေတယ်။ လူကတော့ မလှုပ်ဘူး။ တစ်ကယ်ကိုပဲ ဒီဟာလေးကတော့။

ဝမ်ရိပေါ်က သူ့ကိုရှောင်းကျန့်စိတ်ဆိုးနေတယ်လို့ ထင်နေတယ်။ အမှန်တော့ ရှောင်းကျန့် သူ့ကိုစိတ်မဆိုးရက်ပါ။ သို့ပေမယ့် တဇွတ်ထိုးလုပ်တတ်သည့်အကျင့်ကိုတော့ဖြင့် ပြင်ပေးချင်ပါတယ်။ ဒါကြောင့်လည်း စိတ်ဆိုးဟန်ဆောင်နေရတာ။ ပြီးတော့ ပါးကိုနမ်းသွားတဲ့အတွက်လည်း လူကရှက်နေတုန်းပဲ။

အတွေးတွေရပ်တန့်ကုန်တာက ရှေ့ကမှောက်အိပ်နေတဲ့ လူဆိုးကောင်လေး လှုပ်လာတာကြောင့်ဖြစ်တယ်။

"ဒေါက်တာကိုကို ဂျူတီပြီးပြီလားဗျ"

နိုးလာသူက မျက်လုံးတွေကို လက်ဖြင့်ပွတ်သပ်ပြီးနောက် မေးလာတာ။

"ပြီးပြီ၊ ဒီမှာဘာလုပ်နေတာလဲ"

"အချစ်ကိုစောင့်နေတာလေ"

"ဘယ်သူကစောင့်ခိုင်းနေလို့လဲ"

"စောင့်ခိုင်းမှစောင့်တတ်တဲ့ထဲ ကိုယ်မပါဘူးနော်၊ လူကို ဟိုကောင်ကျန်းရန်လိုများမှတ်နေလား"

My Doctor [Completed]Where stories live. Discover now