13

5.7K 483 36
                                    

Unicode

နှစ်ပတ်ရှိနေပါပြီ။ နှစ်ပတ်အတွင်း ဝမ်ရိပေါ်က အရက်တွေနဲ့သာ သူ့ကိုယ်သူ အဖော်ပြုနေတယ်။ ဟောက်ရွှမ်းကတော့ ဒုက္ခအခံရဆုံးလူပါပဲ။

တစ်ညလုံးသောက်နေသူအနား တစ်ချိန်လုံးထိုင်နေရပြီး အမူးသမားရစ်သမျှ နားထောင်ပေးနေရသလို မူးပြီးငိုလာရင် သူ့မှာပါးစပ်ပြေးအုပ်ရသေးတာ။ ဒီကောင် လူကိုခေါ်ပြီး အရှက်ခွဲနေသလားမှတ်ရတယ်။

အခုလည်း ရောက်နေတာက barတစ်ခုမှာ...

"ဟိတ်ကောင် မင်းတော်သင့်ပြီ"

"ပေးစမ်းပါ၊ ငါ့အဖေပိုက်ဆံနဲ့ငါသောက်တာ၊ ဘယ်သူ့ဂရုစိုက်ရမှာလဲ"

ဟောက်ရွှမ်းက ပုလင်းဆွဲယူပြီးတားတော့ လက်ထဲကပုလင်းကို ရိပေါ်က ပြန်ဆွဲယူသွားတယ်။ ပြီးတော့ ဆက်ပြောတယ်။

"မင်းသိလား ရှောင်းကျန့်ဆိုတဲ့ လူ့ပုံတုံးကြီးကလေ ငါကလွဲရင် တလောကလုံးကို သူယုံတယ် အေ့!! ဟိုကျန်းရန်ဆိုတဲ့ကောင်ကိုတောင် ငါ့ထက်ပိုယုံနေသေးတာ၊ မင်းစဥ်းစားကြည့် ငါလွန်လား"

"အေးပါ မင်းမှန်တယ် အဲ့ဒီအစ်ကိုကမှားတာ"

"ဘာ!"

"ဟ့ -ီးဖြစ်လို့အော်တာလား"

"ငါ့ရှောင်းကျန့်ကမမှားဘူးကွ၊ မင်းသူ့ကို ဝေဖန်စရာမလိုဘူး"

"အော်....အေး အေး ငါ့သောက်မှား"

"အေး မင်းသောက်မှား"

ဒီငမူးပဲ အရင်ဂန့်မလား။ သူပဲအရင်ရူးမလားပေါ့။ ဘဲထိပ်ထားစံနဲ့မှ လာတိုးနေရတဲ့အဖြစ်။ ဒါတောင် ငနာက အဖြေရသေးတာမဟုတ်ဘူး။ အဖြေရပြီး ရည်းစားတွေများဖြစ်သွားလို့ကတော့ ရှောင်းကျန့်ကို ခေါင်းပေါ်ရွက်ပြီး ပတ်ပြေးနေမလားပဲ။

"လွမ်းတယ်ဟောက်ကြီးရယ်၊ ဒေါက်တာ့ကိုလွမ်းလိုက်တာ"

"သွားတွေ့ဆိုတော့ မတွေ့ဘဲနဲ့"

"ငါ့ဘက်က သွားတွေ့စရာလား၊ ငါမှားတာမှမဟုတ်တာ၊ တွေ့ချင်ရင် သူလာတွေ့ပေါ့ အေ့!"

"မင်းကကြိုက်တဲ့လူလေ၊ ဟိုကကြိုက်နေတာမှမဟုတ်တာ၊ မင်းသွားတွေ့ပေါ့ကွ"

My Doctor [Completed]Where stories live. Discover now