2

8.2K 663 18
                                    

Unicode

"စောင့်နေရတာ ကြာသွားပြီလား၊ အားနာလိုက်တာ"

"ကြာတော့ကြာပြီဆိုပေမယ့် စောင့်ရတာတန်ပါတယ်"

သူ့စကားကြောင့် အိုက်ချင်က ဂျူတီကုတ်ချွတ်နေရာကနေ မျက်လုံးဝင့်ကြည့်လာတယ်။

"ဂျူတီပြီးပြီမလားဗျ၊ ကျွန်တော်တို့ ဆေးရုံကကန်တင်းမှာပဲ စားရင်းသောက်ရင်း စကားပြောကြမလား"

"ကောင်းပါပြီ"

နှစ်ယောက်သား ကန်တင်းရောက်သည်နှင့် အစားအသောက်မှာပြီး လေထုကတိတ်ဆိတ်သွားပြန်တယ်။

သူကတော့ မျက်လုံးတွေငြိမ်မနေဘဲ အစောပိုင်းက ထွက်သွားတဲ့ ရှောင်းကျန့်ကိုပဲ လိုက်ရှာနေမိတယ်။ တွေ့ပါပြီ ဖြူလွှလွှပုံရိပ်လေး။ နပ်(စ်)တွေနဲ့ ဆရာဝန်တွေကြားထဲ ပြုံးရယ်နေတာက ချစ်စရာ။ သူ့ကိုပဲ မရယ်ပြတဲ့ ရှောင်းကျန့်ကတော့ အမြင်ကပ်ချင်စရာကောင်းပါတယ်။

"အဟမ်း!!"

အိုက်ချင်ကျဲချောင်းဟန့်မှ အနားမှာလူရှိနေသေးတာသတိရတယ်။ အိုက်ချင်ကျဲကို အားနာသလို ပြုံးပြတော့ အိုက်ချင်ကျဲက ခေါင်းငြိမ့်အသိအမှတ်ပြုပါတယ်။

"ဝမ်ရိပေါ်က အိမ်ကအတင်းလွှတ်လို့ လာရတာထင်တယ်"

"ဟုတ်တယ်ကျဲ၊ သွားမတွေ့ရင် ကဒ်တွေအကုန်ပိတ်ပစ်မယ်ဆိုလို့ပါ"

"ပွင့်လင်းသားပဲ၊ ကျဲတော့သဘောကျသွားပြီ"

ညာနေလည်း မထူးတာမို့ ပွင့်ပွင့်လင်းလင်းပြောလိုက်တော့ တစ်ဖက်က အိုက်ချင်ကျဲကထိုသို့ဆိုကာ စိတ်မဆိုးသည့်အပြင် ခပ်လွင်လွင်လေးရယ်တယ်။

"ကျဲကလည်း ပါးစိတ်ချမ်းသာအောင်လို့သာ လက်ခံလိုက်ရတာပါ၊ ဒါကြောင့် ဝမ်ရိပေါ်က စိတ်ဖိစီးတာမျိုး နေရခက်တာမျိုးမရှိရင်ကောင်းမယ်"

"အဲ့လိုမဖြစ်ပါဘူး၊ ကျွန်တော်အပွင့်လင်းဆုံးပြောရရင် ချစ်နေတဲ့သူရှိပြီထင်တယ်"

"တို့လည်းရှိပြီးသားပါပဲ၊ ဒီလိုဆို ကြေပြီပေါ့၊ အားနာစရာကိစ္စမျိုး မရှိတော့ဘူးပေါ့နော်"

အစက ငြင်းဖို့ခက်ခဲမယ်ထင်ခဲ့တာ။ တစ်ဖက်နဲ့ စကားတွေအများကြီးပြောရပြီး အချေအတင်တွေလည်း ဖြစ်ကြလောက်မယ်ထင်ပေမယ့် ဒီလိုမျိုး နှစ်ဖက်နားလည်မှုနဲ့ အဆင်ပြေနေတော့လည်း တစ်မျိုးကောင်းတာပါပဲ။

My Doctor [Completed]Where stories live. Discover now