3

7.7K 595 18
                                    

Unicode

"သား အိုက်ချင်လေးကို ဘယ်လိုသဘောရလဲ"

ညစာစားပြီးလို့ ဧည့်ခန်းထဲ ထိုင်နေကြစဉ် မာမားဆီက မေးလာတဲ့ မေးခွန်းကို သူခေါင်းခါရင်းသာ တုံ့ပြန်လိုက်ရတယ်။ မာမားကတော့ အားလျော့သွားဟန်နဲ့ သက်ပြင်းချပါတယ်။

"အိုက်ချင်ကျဲကို သဘောမကျပေမယ့် တစ်ခြားတစ်ယောက်ကိုတော့ သဘောကျတယ်"

"ဟင်? ဟုတ်လား ဘယ်သူလဲသား မားကိုပြောစမ်း၊ သူ(မ)လေးက လှလား၊ ပုံစံလေးကရော ဘယ်လိုနေလဲ"

သူ့စကားကြောင့် မားက မျက်လုံးလေးတွေ လက်လာပြီး အဆင်မပြတ်မေးခွန်းထုတ်လာတယ်။

"လှတယ်အများကြီး၊ မားကိုပြဖို့က စောပါသေးတယ်၊ သားဘက်ကသဘောကျတာပဲရှိသေးတာ၊ သူကတော့ သားကိုအရေးမလုပ်ဘူး"

"ငါ့သားလေး ဒီလောက်ချောတာကို ဘာလို့အရေးမလုပ်တာတဲ့လဲ"

"တွေ့တွေ့ချင်းမို့ အနေရခက်တာမျိုးထင်တယ်၊ ဒါပေမယ့် တွေ့ပါများရင်တော့ သားကို ကြိုက်လာမှာပါ၊ အဲ့လိုဖြစ်လာအောင်လည်း သားကလုပ်မှာ"

"အမလေး ဒါမှမားရဲ့သားလေးပေါ့၊ လက်မလျှော့နဲ့သိလား၊ လိုချင်ရင်ရအောင်သာယူ၊ မားတုန်းကလည်း သားရဲ့ပါးကို ရအောင်ယူခဲ့တာပဲ၊ မားခြေရာကို နင်စမ်းပါ"

"စိတ်ချပါ၊ သားက ဘယ်သူ့ရဲ့သားမလို့လဲ"

"ဒါမှပေါ့ ဒီလူဆိုးကောင်လေးလိုချင်ရင် ဘယ်သူကတားရဲမှာလဲ"

"ကလေးကို ဘာတွေမြှောက်ပေးနေတာလဲ မိန်းမရယ်"

ထိုစဉ် ပန်းကန်းဆေးပြီးလာတဲ့ ပါးက မားနံဘေးဝင်ထိုင်ရင်း ပြောလာတယ်။

"အို သားသဘောကျတယ်လို့ပြောဖူးတာ ဒါပထမဆုံးပဲလေ၊ ဒီအခွင့်မရေးမျိုးကို လက်လွှတ်လို့ဘယ်ဖြစ်မလဲယောက်ျားရဲ့၊ လိုချင်တာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်ယူသား၊ သားနောက်မှာ မားတစ်ယောက်လုံးရှိတယ်၊ မားခြေရာကို အပြည့်အဝနင်းစမ်းသား"

"ပါးကို မားခိုးပြေးသလိုမျိုးလား"

ဝမ်ရိပေါ်ပြောလိုက်တော့ ပါးကရှက်သွားဟန်ဖြင့် သတင်းစာကြီးကောက်ကိုင်ကာ သူ့မျက်နှာအား အုပ်ထားလေရဲ့။

My Doctor [Completed]Where stories live. Discover now