18

5.7K 413 18
                                    

Unicode

ဝမ်ရိပေါ် အရက်တွေမူးအောင်သောက်ပြီး ရှောင်းကျန့်ဆီရောက်သွားတဲ့နေ့က ဟောက်ရွှမ်းလဲ ဆေးရုံကို လိုက်လာခဲ့တယ်။ ကြီးကြီးကျယ်ကျယ်တွေပြောထားပြီး အခုကျ သူကိုယ်တိုင်သွားတွေ့တဲ့ ငမူးကောင်ကို စိတ်မချလို့အပြင် ဘာရှိဦးမှာလဲ။

တစ်ချိန်တည်းမှာ သူလည်းခေါင်းမထောင်နိုင်အောင်မူးနေခဲ့တာ။ ဆေးရုံဝန်းထဲ ကျီးကန်းတောင်းမှောက်ရှာနေရင်း တစ်ခုခုနဲ့ ဝင်တိုက်မိရာကနေ ပက်လက်လန်ကျသွားတာ ပုံကနဲ။ မော့ကြည့်မိတော့ ရှေ့ကသူတိုက်မိတဲ့အရာဝတ္ထုက ဝေဝါးဝါး။

"ဘာကြီးလဲဟ့? လခွမ်း သရဲခြောက်ခံနေရတာလား?"

"ဒီမယ်...."

"ဟင့်အင်း မခေါ်နဲ့၊ ကျွန်တော်မလိုက်ဘူး၊ လူ့ဘဝကြီးထဲ ပျော်ပါးရဦးမှာ၊ ပြီးတော့ ယောကျ်ားလဲယူရဦးမှာဗျ၊ လူပျိုဘဝနဲ့တော့ မသေချင်သေးဘူး၊ သွား.....ဒီသောက်သရဲ"

"ကျစ်!! ဘယ်လောက်တောင်သောက်ထားတာလဲ၊ လူရုပ်မပေါက်တော့ဘူး"

"ဘာ!!!"

"အမလေး၊ လန့်လိုက်တာ ဘာလို့အော်နေတာလဲ"

"သေ...ချာ...ကြည့်၊ ဒီလို ဥစ္စာပေါ ရုပ်ချောကိုများ လူရုပ်မပေါက်တော့ဘူးတဲ့၊ သောက်သရဲက လက်သီးစာမိတော့မှာ"

"ဒါဆေးရုံ၊ စကားကို တိုးတိုးသက်သာပြောဘဝင်ရူးရဲ့၊ လူနာတွေ အိပ်နေကြပြီ"

"ဟ့ ဒီသရဲက မဆိုးဘူး၊ လူမှုရေးတော့ နားလည်သား အေ့! ဟီးဟီး"

ရှေ့က မူးရူးနေသူက စကားနိုင်တော့ လုနိုင်သေးပါတယ်။ ကျိရန်မှာတော့ ထိုလူ့ကိုကြည့်ပြီး ကိုင်သာပေါက်ချင်တော့တာ။ အားမမျှလို့သာ နေနေရတာ။

"ထ...လူသွားလမ်းကြီးမှာ မူးရူးမနေနဲ့"

သူဆွဲထူပေးတော့ အလိုက်သင့်ပါလာတာနဲ့ အဲ့ဒီလူရဲ့လက်တစ်ဖက်ကို ဆွဲယူပြီး သူ့ပုခုံးပေါ် တင်လိုက်ရတယ်။ ကူတွဲလမ်းလျှောက်ရင်း ကားပါကင်နားရောက်လာရတာပါပဲ။

"အခုက ဘယ်ကိုခေါ်သွားနေတာလဲ"

ပြောပြီး သူ့ကိုပြူးပြဲကြည့်နေတဲ့ ငမူးကောင်ကို သူလွှတ်ထားပေးလိုက်တော့တယ်။ ကြည့်ပါစေတော့။

My Doctor [Completed]Where stories live. Discover now