Heat တက်တာကို ထိန်းနိုင်မယ့် ဆေး မရှိဘူးလား? မရှိပါဘူး။ လောကကြီးထဲမှာ စုန်းတွေရှိနေတယ်ဆိုတာတောင် မသိကြတာကြောင့် သက်သာအောင် ထိန်းချုပ်၊ ကုသ နိုင်တဲ့ သိပ္ပံနည်းကျ ဆေးမျိုး ထွင်ထားတာ မရှိဘူး။
"စိတ်ကျေနပ်ရဲ့လား "
ဟိုတယ်၏ဘေးအခန်းကို ဝင်လာတဲ့ ဂျူလီယန်ကို မန်နေဂျာ ဖီးလစ်က တံခါးဖွင့်ပေးရင်း မေးလိုက်ခြင်းဖြစ်တယ်။ ဖီးလစ်က သာမန်လူသားတစ်ယောက်...ဒါပေမယ့် ဂျူလီယန့်အမေက ဖီးလစ်အပေါ်မှာ ကျေးဇူးတွေရှိခဲ့ဖူးတယ်။
ဒါ့ကြောင့် ဖီးလစ်က ကျေးဇူးဆပ်ဖို့ သူတို့သားအမိရဲ့ လူယုံတစ်ယောက်ဖြစ်လာပြီး ဂျူလီယန်က စုန်းတစ်ယောက်ဖြစ်နေတဲ့အကြောင်းကိုလည်း လျို့ဝှက်ပေးထားတယ်။
ဖြစ်သလိုဝတ်လာတဲ့ Bathrobe ကို ခါးစည်းကြိုးချည်ရင်း ဂျူလီယန်က စိတ်မပါစွာဖြေတယ်။
"အာသာတောင် မပြေဘူး "
နောက်ကနေ ကပ်ပါလာတဲ့ ဖီးလစ်က အသင့်ပြင်ထားတဲ့ ဝိုင်နီတစ်ခွက်ကို ကမ်းပေးရင်း
"နောက်တစ်ယောက် ခေါ်လိုက်ရမလား ဂျူလီ"
"မခေါ်နဲ့!"
ဂျူလိီယန် စိတ်မကြည်ဘူးဆိုတာသိတာကြောင့် ဖီးလစ် အခန်းထဲက တိတ်တဆိတ်ပြန်ထွက်ခဲ့တယ်။
ဝိုင်ခွက်ကို ဖြေးညှင်းစွာလှည့်ပြီး အနည်းငယ်ကိုငုံတယ်။လည်ချောင်းတလျှောက် ရှတ ခါးသက်တဲ့အရသာ ဆင်းသွားတာကို တစိမ့်စိမ့် ခံစားတယ်။
ဒီညအိပ်တဲ့လူက ၇ချီတောင် သုတ်လွှတ်ခဲ့ပေမယ့် ဂျူလီယန်ရဲ့ ခန္တာကိုယ်ကတော့ စွမ်းအင်တွေ လိုအပ်နေတုန်းပဲ။ စွမ်းအင် ကောင်းကောင်းမပြည့်ရင် ဘာဖြစ်လဲ? နေရထိုင်ရ မကောင်းဘူး။ အပြည့်အဝ မလန်းဆန်းဘူး။ ခေါင်းမကြည်ဘူး။ စိတ်ဆတ်တယ်။ အင်အားကုန်ခမ်းလွယ်တယ်။
ဂျူလီယန် အခုချိန်ထိ လိင်ဆက်ဆံပြီးလို့ စွမ်းအင်စုပ်ပြီးတာနဲ့ သူ့ခန္တာကိုယ်က အားပြည့်သွားတဲ့ခံစားချက်မျိုး မရဖူးသေးဘူး။ တစ်ညတည်းနဲ့ လူပြောင်းဆက်ဆံရင်တောင် မကျေနပ်နိုင်သေးဘူး။ သူ့အမေတုန်းက ဘယ်လိုကျော်ဖြတ်ခဲ့လဲ မသိပေမယ့် ဂျူလီယန့်အတွက်တော့ ခက်ခဲလွန်းတယ်။
![](https://img.wattpad.com/cover/299833449-288-k596483.jpg)
YOU ARE READING
တဏှာစုန်း [Rated_M]
Randomအန်တိုနီယို & ဂျူလီယန် Warning_18+ Uke က Virgin မဟုတ်ပါဘူး။