Part_18

8.6K 364 11
                                    

ဒီနေ့က ဂျော့ရှ်ရဲ့ ပန်းချိီပြခန်းလေး ဖွင့်တာ နှစ်နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့။

အသစ်ဆွဲထားတဲ့ လက်ရာမြောက် ပန်းချီကားတွေကို ထုတ်ပြထားတာကြောင့် ပန်းချီပြခန်းမှာ ခါတိုင်းထက် လူပိုစည်ပြီး သ​က်ဝင်တက်ကြွလို့နေတယ်။

မနက်ကတည်းက တောက်လျှောက် ဝင်နေတဲ့ ကြည့်ရှူသူတွေကို လိုက်ကာ ရှင်းပြရင်း ညနေဘက်အထိ ဂျော့ရှ်မှာ မနားရသေး။

နှစ်ပတ်လည်နေ့မို့လို့ အားပေးဂုဏ်​ပြု တဲ့အနေနဲ့ ပန်းချီကားတွေကို အများကြီး ဝယ်သွားကြတာကြောင့် ဂျော့ရှ်မှာ မပင်ပန်းနိုင်ဘဲ ပျော်နေရတော့တယ်။

ညနေခင်းပိုင်းမှာတော့ ဧည့်သည်တွေက တဖြေးဖြေးစဲလာတယ်။ ဂျော့ရှ်လည်း ဝန်ထမ်းကောင်လေးနဲ့ လက်လွှဲခဲ့ပြီး ခဏနားဖို့ သီးသန့်ခန်းထဲကိုဝင်သွားလိုက်တယ်။

"ဘော့စ်.. အပြင်မှာ ဧည့်သည်"

ဂျော့ရှ်ထွက်တွေ့တော့ သူမျှော်နေတဲ့ ဘန်ဂျမင် မဟုတ်။ ဒါပေမယ့် ငယ်သူငယ်ချင်းဟောင်းနဲ့ အမှတ်မထင် တွေ့လိုက်ရတာကြောင့် ဝမ်းသာသွားရတယ်။

"မင်းလက်ရာတွေ အရမ်းလှတာပဲ "

"ကျေးဇူးတင်ပါတယ် "

"ပြပွဲပြီးရင် ငါနဲ့ ညစာအတူစားကြမလား...ဂုဏ်ပြုတဲ့အနေနဲ့ ငါ့ကိုကျွေးခွင့်ပေးပါ ဂျော့ရှ် "

ဂျော့ရှ် လည်း သူငယ်ချင်းကို ငြင်းရမှာ အားနာတာကြောင့် လက်ခံလိုက်တော့တယ်။

ပန်းချီပြခန်းကိုပိတ်ပြီးတာနဲ့ ထိုသူနဲ့ ဂျော့ရှ် တို့ ညစာသွားစားဖို့ အတူထွက်လာတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့ရှေ့ကို ကားတစ်စီးကထိုးရပ်လာပြီး အထဲကနေ လူတစ်ယောက်ဆင်းလာတယ်။

မျက်နှာကို Mask အုပ်ထားပေမယ့် ငွေဖြူရောင်ဆံပင်တွေကိုမြင်တာနဲ့ ဘန်ဂျမင်ဆိုတာ ဂျော့ရှ် သိလိုက်တယ်။ သူတို့နှစ်ယောက် အရင်တစ်ခါ စကားများပြီးကတည်းက မတွေ့တာ နှစ်ပတ်ရှိပြီ။

ဒီကြားထဲကရက်တွေမှာ ဂျော့ရှ် ဘန်ဂျမင့်ကို အရမ်းလွမ်းနေတာ။ ဖုန်းဆက်ချင်စိတ်ကို မနည်းထိန်းထားရတယ်။ ဒါပေမယ့် ဘန်ဂျမင်ကတော့ ဂျော့ရှ်ကို အရင်ဆက်သွယ်မလာခဲ့။

တဏှာစုန်း [Rated_M]Where stories live. Discover now