Part_7

11.8K 449 11
                                        

ကားပါကင်ထိ နောက်ကလိုက်သွားတဲ့ ဂျူလီယန့်ကိုကြည့်ပြီး ဖီးလစ် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။

ဂျူလီယန်က အန်တိုနီယိုရဲ့ ဆွဲပိတ်ခါနီး ကားတံခါးကို ခြေကန်ပြီး အသားကုန်ပြန်ဆွဲထားကာ

"ကျနော် နောက်နေတာ မဟုတ်ဘူး "

အန်တိုနီယိုက အားသုံးလိုက်တာနဲ့ ဂျူလီယန့်ကိုယ်လေးမှာ ရှေ့ကိုပါလာပြီး ကားတံခါးကလည်း ဝုန်းခနဲပိတ်သွားတယ်။

ဂျူလီယန်မှာ အားလွန်ပြီး ကြမ်းပြင်ပေါ် ဘုတ်ခနဲဖင်ထိုင်ရက်လဲကျရတယ်။ ဖီးလစ်က ပြေးလာပြီးထူတော့ မကျေမနပ်နဲ့ကုန်းထပြီး ကားရှေ့သို့ပြေးကာ လမ်းပိတ်ရပ်ပြန်တယ်။

ဘာတဲ့။
မင်းလို နမ်းရုံတဲ့ သတိလစ်သွားတဲ့ ငချွတ်လေးလောက်ကို လုပ်ရမှာ စိတ်မဝင်စားဘူးတဲ့။

ဒီအန်တိုနိီယို သောက်ခြင်္သေ့ကြီးကတော့ ဘယ်သူ့ကိုလာပြီး ငချွတ်လေးလို့ပြောနေတာလဲ။

ဂျူလီယန်အိပ်ခဲ့တဲ့ ယောက်ျားအရေအတွက်က အသက်ထက်တောင်များတယ်ဆိုတာ သိရင် ဒီဘဲကြီး မူးတောင်လဲသွားဦးမယ်။

အဲ့ဒီနေ့က ဂျူလီယန်က စွမ်းအင်ခြောက်ခမ်းလို့ အားပြတ်ပြီး သတိလစ်သွားတာကိုများ
သူနမ်းတာ မခံနိုင်လို့ပဲ သတိလစ်တယ်ဖြစ်ရသေးတယ်.. လူကိုစွတ်စွတ်စွဲစွဲ!

ကားဟွန်းတီးသံ တပွမ်ပွမ် ဆက်တိုက် ထွက်ပေါ်လာပြီး ဖီးလစ်မှာလည်း ကားပေါ်က အန်တိုနီယိုကို တားရမလို၊ ကားရှေ့ပိတ်ရပ်နေတဲ့ ဂျူလီယန့်ကို ပြေးဆွဲရမလိုတွေဖြစ်နေတယ်။

နောက်ဆုံး ကားမှန်က လျှောကျသွားပြီး အထဲက အန်တိုနီယိုရဲ့ ခပ်မြင့်မြင့်ခပ်တင်းတင်း အသံထွက်လာတယ်။

"ကားပေါ်လာခဲ့ "

ဝံပုလွေပေါက် ဂျူလီယန်က ကျေနပ်ပြုံးကြီးပြုံးလိုက်ပြီး ဖီးလစ်ကို လက်ပြကာ အန်တိုနီယိုရဲ့ ကားပေါ် ခပ်တည်တည်ဝင်ထိုင်လိုက်တယ်။

"ဂျူလီ.....ဂျူလီ!"

ဝူးခနဲမောင်းထွက်သွားသော ကားနောက်မှာ ကျန်ခဲ့တာက ဖီးလစ်တစ်ယောက်တည်း။

တဏှာစုန်း [Rated_M]Nơi câu chuyện tồn tại. Hãy khám phá bây giờ