Part_27

8.8K 338 5
                                    

အန်တိုနီယိုတို့ စံအိမ်က လသာဆောင်က ဂျူလီယန်တို့အိမ်ကထက်ပိုကြီးတယ်။ လသာဆောင်ကနေ ကြည့်လိုက်ရင် မြက်ခင်းစိမ်းစိမ်းအပြည့်နဲ့ ခြံဝန်းတစ်ခုလုံးကို စီးမိုးလို့မြင်နေရပြီး လေတဝှီးဝှီးပဲ။

ကားသံစက်သံဆူညံတဲ့မြို့လယ်ခေါင်ကနေ ဝေးတာကြောင့် ပတ်ဝန်းကျင်မှာ အမြဲတိတ်ဆိတ်နေတတ်တယ်။ နေ့ဆို ခြံထဲကအလုပ်သမားတွေရဲ့အသံ၊ငှက်ကလေးတွေအသံ။ ညဆိုလည်း ပုရစ်လေးတွေအသံကလွဲပြီး ဘာမှမကြားရ။

ဒီညတော့ ကောင်းကင်မှာ တိမ်ကင်းစင်ပြီး လကလည်း ပြည့်ဝန်းထိန်သာနေတယ်။ လသာဆောင်မှာဆို လျှပ်စစ်မီးအကူမလိုဘဲ လရောင်ဖြာကျပြီး လင်းချင်းနေတာပဲ။

အစကတော့ လသာဆောင်မှာ ဒီတိုင်း ဝိုင်လေးသော​က်ရင်း စကားစမြည်ပြောမလို့ပဲ။ ဒါပေမယ့် သဘာဝက ဖန်တ်ီးပေးတဲ့ အနေအထားနဲ့ ပတ်ဝန်းကျင်အရ စိတ်လှုပ်ရှားစရာဇာတ်လမ်းတစ်ခုကို ဂျူလီယန် စမ်းကြည့်ချင်လာတယ်။

အန်တိုနီယိုက ဝိုင်ပုလင်းနဲ့ ဖန်ခွက်နှစ်ခွက်ကိုကိုင်ကာ လသာဆောင်ကိုရောက်လာတယ်။ အတွင်းအင်္ကျီမဝတ်ထားဘဲ အနီရောင် ညအိပ်ဝတ်စုံအရှည်တစ်ခုတည်းကို အောက်မှာ ဘောင်းဘီတိုခံလို့ဝတ်ထားကာ ခါးစည်းကြိုးကိုလည်း ချည်မထားတာကြောင့် ရင်အုပ်ကြီးက ထင်းလို့နေတယ်။ ခပ်စိုစို အညိုရောင်အသားအရေပေါ်မှာ ကျစ်လစ်တဲ့ ကြွက်သားမြောင်ရှစ်ခုက သူ့အကန့်နဲ့သူ သေသေသပ်သပ်တည်ရှိနေကာ ဘဲဥပုံရှည်မြောမြောချက်ပေါက်လေး အောက်မှာလည်း အမွှေးအမျှင်ရေးရေးလေးရှိလို့နေတယ်။ ခါးကနေ အလည်ကို ဆင်းလာတဲ့ ရေသူမအမြီးသဏ္ဍာန် Vline ကို အဆုံးထိမမြင်ရဘဲ ဘောင်းဘီတိုအမည်းအောက်မှာ ရောက်သွားတယ်။ ဘောင်းဘီတိုအကြပ်က အလည်ပိုင်းရပ်ဝန်းကို သိမ်းထုပ်ပေးထားတာကြောင့် ကြီးမားတဲ့ဆိုဒ်က Hard မနေတဲ့အချိန်မှာတောင် ဖုဖောင်းလုံးခဲနေရောပဲ။

အနည်းငယ်လှိုင်းတွန့်ပါသည့် နက်မှောင်တဲ့ဆံသားတွေမှာ ဂုတ်အထိရှည်လျားနေပြီး တိုက်ခတ်သွားတဲ့လေကြောင့် တလွင့်လွင့်။ ခဲပြာရောင် မျက်ဝန်းမှိုင်းညို့ညို့တွေမှာ ရေခဲငွေ့တွေ ထွက်မတတ် အေးစက်နေတဲ့ အန်တိုနီယိုက ဂျူလီယန့်ဇာတ်လမ်းအတွက် အပြီးပြည့်စုံဆုံး Vampire ပဲ။

တဏှာစုန်း [Rated_M]Where stories live. Discover now