Part_8

10.1K 413 11
                                    

ဒီအခြေအနေထိရောက်လာပြီးမှတော့ စွမ်းအင်မစုပ်ရဘဲ ဂျူလီယန် လက်မလျှော့နိုင်ပါ။

"ခင်​ဗျား လိုချင်တာ ဘာလဲ"

" မရှိဘူး...ကိုယ်လိုချင်တာ "

"ဒါပေမယ့်...ကျ​နော်တို့အပေးအယူလုပ်လို့ရတယ်လေ...ခင်ဗျား ကျနော့်ကို ဖာ့ခ်ပေးရင် ခင်ဗျား လိုချင်တာ ပေးမယ် "

အန်တိုနီယိုက ခဲပြာရောင်မျက်လုံးတွေကို မှေးပြီး ငေးစိုက်လို့ကြည့်တယ်။

"ကိုယ်နဲ့ ဇာတ်ကား ငါးကား စာချုပ်ရမယ် "

" လက်ခံတယ် "

အန်တိုနီယိုရဲ့ ဇင်ယော်တောင်ပံလို မျက်ခုံးတစ်စုံက မြင့်တက်သွားတယ်။

"လက်ခံတာ မြန်လှချည်လား "

ဇာတ်ကားရိုက်တာ ဂျူလီယန့်အတွက် အရှုံးမှမရှိဘဲ။ ဘာလို့မလုပ်နိုင်ရမှာလဲ။

အန်တိုနီယိုက အံဆွဲထဲက စာရွက်တစ်ရွက်ကိုထုတ်လာပြီး ဂျူလီယန့်ထံပေးလိုက်တယ်။

"လက်မှတ်ထိုးလိုက်"

ဂျူလီယန် ဘောပင်အဖုံးကို သွားနဲ့ဇွက်ခနဲကိုက်ဖွင့်ပြီး ခပ်မြန်မြန်လက်မှတ်ထိုးပေးလိုက်တယ်။

"ရပြီမလား...အခု ကျနော်တို့ လုပ်လို့ရပြီလား"

"ဘာတွေလောနေတာလဲ? "

တကယ်တော့ အန်တိုနီယိုက ဂျူလီယန့်အတွက် မွှေးရနံ့တထောင်းထောင်းထွက်ပေါ်နေသည့် နီရကြွပ်ရွနေသော ကြက်ကောင်လုံးကြီးလို အရသာမျိုးပဲ။

ယခင်ကအိပ်ခဲ့ဖူးသမျှ ယောက်ျားတွေကတော့ ဖော့ တွေလို အနံ့အရသာမရှိခဲ့ဘဲ အန်တိုန်ီယိုရဲ့ အထိ၊အတွေ့၊ကိုယ်သင်းရနံ့၊ အနမ်းကျတော့.... နည်းနည်းလေးရလိုက်တာနဲ့ ဂျူလီယန့်ရဲ့တဏှာစိတ်ကို ဟုန်းခနဲတောက်လာစေနိုင်တယ်။ သွားရည်တမြားမြားကျချင်စရာ စားတော်ပွဲကြီး ။

ဂျူလီယန် ထပ်မစောင့်နိုင်တော့တာကြောင့် အန်တိုနီယိုရဲ့ရှေ့ကို အမြန်သွားပြီး ပူးကပ်ပစ်လိုက်တယ်။ ဒါပေမယ့် အန်တိုနီယိုက ဂျူလီယန့်ကို နဖူးကနေ လက်ညှိုးဖြင့်တွန်းထုတ်လိုက်ကာ

တဏှာစုန်း [Rated_M]Hikayelerin yaşadığı yer. Şimdi keşfedin