ဆေးရုံဆိုတာ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေ အများစုတည်ရှိတဲ့နေရာပဲ။ ပူဆွေးသောက ရောက်နေတဲ့လူတွေဆီက ဝမ်းနည်းမှုခံစားချက်ကို စုပ်ယူဖို့ ဘန်ဂျမင် ရောက်လာခဲ့တယ်။
သူကိုယ်တိုင်က ပြုလုပ်လိုက်လို့ ရလာတဲ့ စွမ်းအင်နဲ့တော့ ဘယ်ယှဥ်နိုင်မလဲ။ ဒီလိုမျိုး သူတို့ဘာသာ သူတို့ဖြစ်တည်နေတဲ့ ဝမ်းနည်းနာကျင်မှုတွေကျ အာသာပြေရုံလောက်ပဲ စုပ်ယူလို့ရတာ။
ဒါပေမယ့် မတတ်နိုင်ဘူး။ ရည်းစားနောက်တစ်ယောက် မရသေးခင် အခုလောလောဆယ် စွမ်းအင်လိုအပ်နေလို့ သူများရဲ့ဝမ်းနည်းမှုကို လိုက်စုပ်ရမယ်။
ကိုယ်က အနုပညာရှင်ဖြစ်နေတော့ လူမြင်ကွင်းမှာ ပြီးစလွယ်လည်း လျှောက်သွားနေလို့မရဘူး။ နောက်ကနေ လိုက်နေတဲ့ ပါပါရာဇီတွေက ဆေးရုံအဝင်အထွက်ကို သတိထားမိသွားရင် အလကားနေရင်း သတင်းမှားတွေထွက်လို့ ဖြေရှင်းရတာက ပိုအလုပ်ရှုပ်တယ်။
Mask တပ်၊ ဦးထုပ်ဆောင်းပြီး ဆေးရုံနှစ်ရုံကို အဝင်အထွက်လုပ်ကာ လူတစ်ချို့ရဲ့ဝမ်းနည်းမျက်ရည်ခံစားချက်ကို စုပ်ခဲ့လိုက်တယ်။ ဒါပေမယ့် လိုအပ်နေသေးတာကြောင့် အရိုးပြာတွေ ထားတဲ့နေရာဆီ ထွက်ခဲ့ပြန်တယ်။
ဒီနေရာကတော့ သေလူတွေပဲရှိလို့ လူ မစည်ကား။ လာနှုတ်ဆက်တဲ့ ဆွေမျိုးသားချင်းတွေ ဝမ်းနည်းပြီး ငိုရင် စွမ်းအင်ကို စုပ်ယူလိုက်မယ်။ အနက်ရောင်ဝတ်ထားတဲ့ မိန်းမတစ်ယောက်က မှန်ဘောင်ရှေ့မှာ ငိုရှိုက်နေတယ်။ လက်ကိုင်ပုဝါလေးနဲ့ မျက်လုံးထောင့်ကို သုတ်လိုက်၊ မှန်ဘောင်ထဲက ဓာတ်ပုံလေးကို ထိကာ ငိုလိုက်နဲ့။
ကြည့်ရတာ အရေးပါတဲ့လူတစ်ယောက်ကို ဆုံးရှုံးသွားပုံပဲ။ ဘန်ဂျမင်လည်း စွမ်းအင် စုပ်လိုက်တာပေါ့။ ဒါပေမယ့် သူရလိုက်တာက ဖော့လိုပဲ အရသာမရှိဘူး။
" ဒီဘွားတော် ဟန်ဆောင်ငိုနေတာလား "
ခဏနေတော့ ကောင်မလေးတစ်ယောက်က ထိုမိန်းမကြီးကို ဖေးကူလို့ ခေါ်ကာ ထွက်သွားကြတယ်။ ကောင်မလေးက စိတ်မကောင်းဖြစ်နေပုံပဲ။ ဒါပေမယ့် ဘွားတော်က မျက်ရည်တုတွေ ကျနေတာလေ။
![](https://img.wattpad.com/cover/299833449-288-k596483.jpg)
YOU ARE READING
တဏှာစုန်း [Rated_M]
Randomအန်တိုနီယို & ဂျူလီယန် Warning_18+ Uke က Virgin မဟုတ်ပါဘူး။