Part_26

8.2K 386 15
                                    

မာမီတို့နဲ့ တရားဝင်တွေ့ပေးပြီးတာနဲ့ ဂျူလီယန်လည်း အန်တိုနီယိုရဲ့စံအိမ်မှာ လိုက်နေဖို့ တစ်ခါတည်း ရွှေ့သွားတော့တယ်။

ဝရံတာမှာ ရပ်ပြီး ဖုန်းပြောနေတဲ့ အန်တိုနီယိုကို ဂျူလီယန်က နောက်ကနေ ဖက်လိုက်တဲ့အခါ ဖုန်းပြောနေတဲ့စကားကိုပါကြားလိုက်ရတယ်။

"ဖြစ်နိုင်ရင် မြန်မြန်ပြန်လာစေ့ချင်တယ်...ကျနော့် သတို့သမီးနဲ့ အမေ့ကို ပေးတွေ့ဖို့ မစောင့်နိုင်တော့လို့ "

ဂျူလီယန်က နောက်ကနေ ဖက်ထားရင်း ခေါင်းလေးထွက်လို့ ပါးစပ်လှုပ်ကာ တိုးတိုးလေးမေးလိုက်တယ်။

"ခင်ဗျား အမေလား? "

အန်တိုနီယိုက ဖုန်းပြောနေရင်း ခေါင်းတစ်ချက်ငြိမ့်ပြတယ်။

ဂျူလီယန် အခန်းထဲ တိတ်တိတ်လေး ပြန်ဝင်လာပြီး ကုတင်ပေါ်မှာ ခြေထောက်ကိုလွှဲကာ အန်တိုနီယို ဖုန်းပြောလို့ပြီးတာကိုစောင့်နေလိုက်တယ်။ ဖုန်းပြောပြီး ဝင်လာတဲ့အခါ

" အန်...မစ်စ်လီလီယာက ကျနော့်ကို သဘောကျပါ့မလား "

"သဘောမကျစရာရှိလို့လား "

ဂျူလီယန်က အတွေးတွေများနေတာကြောင့် မျက်နှာလေးက အနည်းငယ်ညှိုးနေတယ်။

"မပြောနိုင်ဘူးလေ..ခင်ဗျားက ဒီလောက်ကောင်းတာ..မစ်စ်လီလီယာက သူ့ရဲ့ချွေးမကို ကျနော့်ထက် ပိုသာတဲ့သူမျိုး မျှော်လင့်ရင်မျှော်လင့်ထားမှာပေါ့ "

"ကိုယ့်မျက်စိထဲတော့ မင်းထက် သာတဲ့သူ မရှိတော့ဘူး "

ဂျူလီယန့်နှလုံးသားလေးက ဒိတ်ခနဲထခုန်တယ်။ ဒီလူကြီးက ရေခဲရိုက်လေသံနဲ့ ရေခဲအရိုက်အကြည့်တွေနဲ့ ပြောလိုက်ရင် တစ်ခွန်းဆို တစ်ခွန်း ရင်ထဲကို ဒဲ့ထိတာ။

"အဲ့တာ ခင်ဗျားရဲ့အမြင်လေ..မစ်စ်လီလီယာက အဲ့လိုမမြင်ရင်ရော "

" ကိစ္စမရှိဘူး..ဂျူလီယန်နဲ့ လက်ထပ်မှာ ကိုယ့်အမေမှမဟုတ်တာ..ကိုယ်လေ...ကိုယ် သဘောကျရင်ရပြီ "

" ဟွန်း! ပြောတော့ လွယ်ချက် "

အန်တိုနီယိုက ဂျူလီယန့်ဘေးမှာ ဝင်ထိုင်ပြီး ပွေ့ဖက်ထားကာ

တဏှာစုန်း [Rated_M]Where stories live. Discover now