လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်...အဲ့ဒီခေတ် အဲ့ဒီအခါတုန်းက ဒိုင်ယာနာနဲ့ လီလီယာတို့က နာမည်ကြီး မော်ဒယ်နှစ်ယောက်ဖြစ်ခဲ့တယ်။
တစ်ယောက်က လူဖြူ ၊တစ်ယောက်က ကပ္ပလီစပ်တဲ့ လူမည်း
ရှန်းရှန်းတောက်ကျော်ကြားတဲ့ သူတို့နှစ်ယောက်ဆီမှာ သိသိသာသာကွဲပြားတဲ့အချက်ကတော့ နောက်ခံထောက်ပံ့မှုအင်အားပေါ့။ ဒိုင်ယာနာတို့ မိသားစုထက် လီလီယာတို့က ပိုချမ်းသာကြွယ်ဝခဲ့တယ်။
ဒိုင်ယာနာက တဏှာစုန်းဖြစ်တာကြောင့် ယောက်ျားတွေဆိီက သုတ်ကို အသက်ရှင်ဖို့ စုပ်ယူနေတဲ့အချိန်မှာ လူသားဖြစ်တဲ့ လီလီယာကတော့ အသက်ရှင်ဖို့ အပူအပင်မရှိခဲ့ဘူး။
နှစ်ယောက် နာမည်တအားကြီးလာတဲ့အချိန်မှာ ဒိုင်ယာနာက ထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင် သူဌေး ရောဘတ်နဲ့စပြီးဆုံတယ်။ လီလီယာကလည်း ရောဘတ်ကို သဘောကျခဲ့တယ်။
ဒါပေမယ့် ရောဘတ်က ဒိုင်ယာနာနဲ့ ပိုအနေနီးစပ်ကာ ချစ်ကျွမ်းဝင်ခဲ့တယ်။ ဒိုင်ယာနာရဲ့ အိပ်ရာပေါ်က စကေးတွေကို ကြွေသွားတာလည်းဖြစ်နိုင်တာပေါ့။ ဒိုင်ယာနာက စုန်းမကိုး။ ဒိုင်ယာနာက ရောဘတ်ကို သူ့ရဲ့အစွမ်းသုံးပြီး ဖမ်းစားထားခဲ့လားဆိုတာတော့ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမသိနိုင်တဲ့ ကိစ္စပဲ။ နောက်ပြီး လီလီယာက အဲ့ဒီအချိန်ကတည်းက ဘယ်ကရောက်လာမှန်းမသိတဲ့ မွေးစားသားရှိတယ်ဆိုတဲ့ သတင်းတွေလည်းထွက်နေတော့ ရောဘတ်က လီလီယာ့ကို စိတ်ထဲ မထည့်တော့တဲ့ပုံပဲ။
ရောဘတ်နဲ့ ဒိုင်ယာနာ လက်ထပ်လိုက်ကြတယ်။ ပြိုင်ပွဲတိုင်း အနိုင်ပိုင်းလာတဲ့ လီလီယာက အချစ်ပြိုင်ပွဲမှာတော့ ရောဘတ်ကို ရှုံးသွားတယ်။ ဒါပေမယ့် လီလီယာရဲ့ Career ကတော့ ထောင်တက်သွားတယ်။ မော်ဒယ်ကနေ ဟောလိဝုဒ် ရုပ်ရှင်မင်းသမီးကြီး ဖြစ်တဲ့အထိ။
ဒိုင်ယာနာက ရောဘတ်နဲ့ အိမ်ထောင်ကျပြီးနောက်မှာ စွမ်းအင်စုပ်ဖို့ မပူပင်ရတော့ဘူး။ သူ့ရဲ့အမျိုးသားအပေါ် အချိန်ပေးချင်တာကြောင့် မော်ဒယ်လောက ကနေ အနားယူပြီး ဂျူလီယန့်ကိုမွေးခဲ့တယ်။
![](https://img.wattpad.com/cover/299833449-288-k596483.jpg)
YOU ARE READING
တဏှာစုန်း [Rated_M]
Randomအန်တိုနီယို & ဂျူလီယန် Warning_18+ Uke က Virgin မဟုတ်ပါဘူး။