နားထဲမှာ အသံတစ်ချို့ကြားတယ်။ မျက်လုံးကို ဖြေးဖြေးချင်းဖွင့်ကြည့်တော့ ကုတင်ခြေရင်းမှာ ဖုန်းပြောရင်း ဘယ်လျှောက်လိုက်၊ ညာလျှောက်လိုက်လုပ်နေတဲ့ ဖီးလစ်။
ဂျူလီယန် အိပ်ရာပေါ်က ဖြေးဖြေးချင်း ထထိုင်လိုက်တယ်။ သူ့ခန္တာကိုယ်က ဘယ်လိုဖြစ်သွားတာလဲ။
"ဖီးလစ် "
" ဂျူလီ! မင်းနိုးပြီလား? ရရဲ့လား..အဆင်ပြေရဲ့လား "
ဂျူလီယန် ခေါင်းငြိမ့်လိုက်တယ်။ သူတို့ရှိနေတာ ဟိုတယ်မှာပဲ။ နောက်ဆုံးမှတ်မိတာ သူရိုးရိုးလှေကားကနေ ဆင်းလာရင်း ပစ်လဲသွားတာ။
နောက်တော့...
" အန်တိုနီယို!?? "
ဂျုလီယန် မျက်လုံးပြူးသွားတယ်။ သူထင်ယောင်ထင်မှားဖြစ်နေတာလား၊ အိမ်မက်လား။ အန်တိုနီယိုနဲ့တွေ့လိုက်သလိုပဲ။
"သူနဲ့ ဘယ်လိုလုပ်တွေ့တာလဲ ဂျူလီ "
ဖီးလစ်လည်း မြင်လိုက်တာဆိုရင် အိမ်မက်မဟုတ်ဘူးပေါ့။
"မသိဘူး...ဘာဖြစ်ခဲ့တာလဲ "
သူ့ခန္တာကိုယ်ကလည်း ထူးဆန်းနေတယ်။ ရုတ်တရက်ကြီး စွမ်းအင်ခြောက်ခမ်းလို့ သတိလစ်သွားပြီးမှ အခုနိုးလာတော့ လူကောင်းလိုပဲ။ သူအိပ်ပျော်နေတုန်း တက် ဖာ့ခ်ခံလိုက်ရတာလား။ အဲ့လိုမှ မဟုတ်ဘဲ ဘယ်ကစွမ်းအင်ရပြီး နိုးလာနိုင်....နိုင်.....
ဂျူလီယန် နောက်တစ်ကြိမ်ထပ်ပြီး မျက်လုံးပြူးသွားတယ်။
ဒါကရောဘာလဲ? အိမ်မက်လား? သူနဲ့အန်တိုနီယို နမ်းနေတဲ့ပုံရိပ်က ဘယ်ကရောက်လာတာလဲ?
" ဂျူလီ့ကို နားနေခန်းမှာ မတွေ့လို့ တော်တော်လိုက်ရှာလိုက်ရတယ်..နောက်ဆုံး ကားပါကင်ကိုရောက်တော့မှ အန်တိုနီယိုရဲ့ ကားထဲမှာ မြင်လိုက်ရတာ.. "
" အင်း...အဲ့တော့.. "
" မမှတ်မိဘူးလား "
" ဘာ...ကို? "
ဂျူလီယန့်ခေါင်းထဲ ဖြတ်ခနဲလက်သွားတယ်။ သူမူးလဲတော့ လူတစ်ယောက်ပွေ့သွားတာပဲ။ အဲ့တာက အန်တိုနီယိုဖြစ်ပြီး သူ့ကားထဲကိုရောက်သွားတယ်။
YOU ARE READING
တဏှာစုန်း [Rated_M]
Randomအန်တိုနီယို & ဂျူလီယန် Warning_18+ Uke က Virgin မဟုတ်ပါဘူး။