" လမ်းခွဲကြရအောင် "
" မခွဲဘူး..အကြောင်းအရင်းက ဘာလဲပြော! "
ဂျယ်နဲ့ ထောင်ထားလို့ အနည်းငယ် မာတောင့်တောင့်ဖြစ်နေသော အဖြူရောင်ဆံနွှယ်တွေကို လက်ချောင်းဖြင့်ထိုးဖွလိုက်ပြီး ဘန်ဂျမင် ကျစ်ခနဲစုတ်သတ်လိုက်တယ်။
" စိတ်ကုန်လာလို့ "
ကောင်မလေးကလည်း အကြောတင်းတယ်။ ဘန်ဂျမင်ရဲ့ လက်မောင်းကို ဇွတ်လာဖက်ပြီး
" ကိုကို မကြိုက်တာ အားလုံးပြင်မယ်လို့ အရင်တစ်ခေါက်က ကတိပေးထားတယ်မလား..နော်...ကိုကို လမ်းမခွဲပါနဲ့ နော် "
ကောင်မလေးက တဖြေးဖြေးငိုမဲ့မဲ့ဖြစ်လာတယ်။ ဘန်ဂျမင်က အပြင်ပန်းမှာ ခက်ထန်နေပေမယ့် စိတ်ထဲမှာတော့ ပိုပြီးတက်ကြွလာကာ
" ငါ့မှာ နောက်တစ်ယောက်ရှိနေပြီ "
" ကိုကို...ဟင့်...ကိုကို ရက်စက်တယ် "
ဟုတ်ပြီ...ငိုစမ်း
မျက်ရည်ကျလိုက်
များများငို...မျက်ရည်များများကျခေါင်းလေးငုံ့ပြီး တရှုံ့ရှုံ့ငိုနေတဲ့ ကောင်မလေးရှေ့မှာ အခုလေးတင် အသည်းခွဲလိုက်တဲ့ ကျွတ်စင်ဘဲကြီးက လက်သီးနှစ်ဖက်ဆုပ်လို့ ငိုလိုက်၊ငိုလိုက်နဲ့ စိတ်ထဲက မျှော်လင့်နေတုန်းမှာ
" ဟိုင်း.. ဘန်!"
ငိုလတ်စ ကောင်မလေးက ဆတ်ခနဲခေါင်းမော့လာတယ်။ အပြင်လူ ဝင်လာတာမြင်တော့ မျက်ရည်တွေသုတ်ပြီး အသံသွင်းခန်းထဲကနေ ချက်ချင်းထွက်ပြေးပါလေရော။
" ကျစ်! "
ဘန်ဂျမင် ဆံနွှယ်ဖြူတွေကို ခပ်ကြမ်းကြမ်းဆွဲဖွပြီး ဝင်ရှုပ်တဲ့ ဂျူလီယန့်ကို မျက်စောင်းထိုးကြည့်လိုက်တယ်။
ဂျူလီယန်မှာ အခြေအနေကိုသဘောပေါက်သွားတာကြောင့် ရှေ့သွားနှစ်ခုကြား လျှာလေးကိုက်ကာ တောင်းပန်လေရဲ့။
"Opoopsii...စွမ်းအင် စုပ်ဖို့လုပ်နေတာလား.. So sorry ဘန် "
ဘန်ဂျမင် ဆိုဖာပေါ်ကို ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်တယ်။ ခုန ကောင်မလေးက သူဒီလထဲတွဲနေတဲ့ ရည်းစားပေါ့။ စိတ်ဓာတ်တော်တော်မာတာကြောင့် သူ့ကို မျက်ရည်ကျစေဖို့မပြောနဲ့၊ ဝမ်းနည်းအောင်လုပ်ရတာတောင် မလွယ်ဘူး။
YOU ARE READING
တဏှာစုန်း [Rated_M]
Randomအန်တိုနီယို & ဂျူလီယန် Warning_18+ Uke က Virgin မဟုတ်ပါဘူး။