"တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာ ရောဘတ်..အန်တိုနီယိုပါ "
ဒယ်ဒီနဲ့ အန်တိုနီယိုက လက်ချင်းဆွဲကာနှုတ်ဆက်ပြီးနောက်မှာ
" ထိုင်ပါ... တစ်နေ့မှာ ကိုယ့်သားက သူ့ရည်းစားပါဆိုပြီး မိတ်ဆက်ပေးမယ့်သူက အန်တိုနီယိုဖြစ်မယ်လို့ မထင်ထားဘူးကွာ "
ဒယ်ဒီက ဂျူလီယန့်ကို ပြုံးပြီးတစ်ချက်ကြည့်တယ်။ အနုပညာလောကထဲက နာမည်ရှိပြီးသား လူတွေဆိုတော့ အားလုံးက အချင်းချင်း သိနေပြီးသား။
ဧည့်ခန်းမှာ ဒယ်ဒီနဲ့ မာမီကတစ်ဖက်၊ သူတို့ရှေ့မှာ အန်တိုနီိယိုနဲ့ ဂျူလီယန်က တစ်ဖက် ထိုင်လိုက်ကြတယ်။
"မင်းရဲ့အမေရော နေကောင်းရဲ့လား "
"ကောင်းပါတယ် အန်ကယ် "
"အေးကွာ..မတွေ့တာတောင် အတော်ကြာပါပြီ.. လီလီနဲ့ နောက်ဆုံးဆုံခဲ့တာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကထင်တယ်..ဟုတ်လား ဟန်နီ "
ဘေးမှာ မျက်နှာတင်းတင်းနဲ့ထိုင်နေတဲ့ မာမီ့ကို ဒယ်ဒီက လှည့်မေးတော့ မာမီက မဖြေချင်ဖြေချင်နဲ့ အင်းဆိုပြီးလုပ်တယ်။
အန်တိုနီယိုက သူပြင်ဆင်လာတဲ့ လက်ဆောင်ကို မာမီ့ရှေ့သို့ ချပေးလိုက်ပြီး
"ကျနော့်ရဲ့လက်ဆောင်ပါ "
မာမီက ဖွင့်ကြည့်လိုက်တဲ့အခါ စိန်စီထားတဲ့ ဘယက်နဲ့ လက်စွပ်၊လက်ကောက်၊နားဆွဲ တစ်စင်စာကိုတွေ့လိုက်ရတယ်။ တန်ဖိုးကတော့နည်းမှာမဟုတ်။ မာမီက ဘာအမူအရာမှမပြဘဲ လက်ဆောင်ဘူးကို ပြန်ပိတ်လိုက်တယ်။
"ဒါတွေထက်..တို့သိချင်တာက.. တို့သားကို တကယ်ရော မေတ္တာရှိရဲ့လား "
" မာမီ "
ဂျူလီယန်ဝင်တားဟန်ပြုပေမယ့် မာမီက မျက်စိစုံမှိတ်၊ ခေါင်းကိုမော့လျက် ခပ်တင်းတင်းပဲ။
ရည်းစားအနေနဲ့ တွေ့ပေးတာကို မာမီလုပ်ပုံက လက်ထပ်ဖို့ လာတောင်းသလိုဖြစ်နေပြီ။
"ဂျူလီယန့်အပေါ်ထားတဲ့ ကျနော့်မေတ္တာက အန်ကယ်နဲ့ အန်တီတို့ထက် မပိုရင်တောင် မလျော့နိုင်ပါဘူး "
YOU ARE READING
တဏှာစုန်း [Rated_M]
Randomအန်တိုနီယို & ဂျူလီယန် Warning_18+ Uke က Virgin မဟုတ်ပါဘူး။