Part_4

9.6K 410 14
                                    

ကားထဲဝင်ပြီးတာနဲ့ ဂျူလီယန် တံခါးကို ဆောင့်ပိတ်လိုက်တယ်။

"ဟား!.. စာချုပ်ထားတာ သူနဲ့မှမဟုတ်တာ.. ဘာကိစ္စက သူက ဒါရိုက်တာ ဝင်လုပ်မှာလဲ  "

ဖီးလစ်က ကားရှေ့ခေါင်းမှာ ထိုင်ပြီး မောင်းနေရင်းက အေးအေးဆေးဆေး ဖြေလာတယ်။

"ကြားမိတာတော့ သူက ပညာသင်လာတာ ဒီအတွက်တဲ့ "

သရုပ်ဆောင်က သရုပ်မဆောင်ဘဲ ဒါရိုက်တာ လုပ်မယ်ပေါ့လေ။

"ထုတ်လုပ်ရေးကလည်း သူတို့ဘက်ကလူပဲဆိုတော့ အန်တိုနီယိုကို လုပ်ခွင့်ပေးလိုက်တဲ့သဘောပဲ "

"ကျနော့်စာချုပ်ဖျက်လိုက် "

"မရပါဘူး "

ဖီးလစ်က ကားမောင်းမပျက်။

"တခြားကြောင့်မဟုတ်ဘူး..စျေးကွက်ထဲမှာ ဒီMTV Serie  အရမ်းပေါက်နေတာ သူတို့ ထုတ်လုပ်ရေးရဲ့အရှိန်ကြောင့်ပါတယ်..အခုဆို အန်တိုနီယို ဦးစီးမယ်ဆိုတာ သတင်းက ပြန့်နေပြီမို့လို့ လူတွေက ပိုမျှော်လင့်ထားကြပြီ..ဂျူလီ့အတွက် အကျိုးအမြတ်တွေချည်းရမယ့် အလုပ်ပါ "

" မလိုချင်ဘူး! ဖျက်လိုက်...သူတို့တောင် အလုပ်ကို Professional ဆန်အောင်မလုပ်တာ..ကျနော်က ဘယ်သူ့မျက်နှာကို ကြည့်ရဦးမှာလဲ ဖျက်လိုက် "

သွားလိုသည့်နေရာကိုရောက်ပြီမို့လို့ ဖီးလစ်က ကားပါကင်ထိုးလိုက်တယ်။ ကားပေါ်ကဆင်းလာပြီး နောက်ခန်းတံခါးကို ဂျူလီယန်ဆင်းဖို့ဖွင့်ပေးကာ

" ပြောင်းလဲသွားတာ ဒါရိုက်တာနေရာတစ်ခုတည်းပါ.. ဘာလို့ ဒီလောက်ခါးခါးသီး မလုပ်ချင်နေတာလဲဆိုတဲ့ အကြောင်းအရင်းပြောလို့ရမလား ဂျူလီ "

"အကြောင်းအရင်းမရှိဘူး..မလုပ်ချင်ရင် မလုပ်ဘူးပဲ "

ရှေ့ကနေ ကော့တော့ကော့တော့နဲ့ ခေါင်းမော့ပြီးထွက်သွားတဲ့ ဂျူလီယန့်က်ို ဖီးလစ်က သက်ပြင်းချကာ လက်မောင်းကနေ လှမ်းဆွဲလိုက်တယ်။

" အဲ့ဒီဘက် မဟုတ်ဘူး ဒီဘက် "

" အဟမ်း! ... ​ပြောပြီးပြီနော် မလုပ်ဘူးဆို မလုပ်ဘူးပဲ "

တဏှာစုန်း [Rated_M]Where stories live. Discover now