Part_14

9.4K 394 15
                                    


"မောနင်း "

အိပ်ရာက နိုးလာပြီး အောက်ထပ်ကို ဆင်းလာတဲ့ထိ စံအိမ်ထဲမှာ လူတစ်ယောက်မှ မတွေ့တာကြောင့် ဂျူလီယန်က မေးလိုက်တယ်။

"ဝန်ထမ်းတွေရော "

"ခြံထဲမှာ "

အရင်တစ်ခါကလည်း အန်တိုနီယိုက ဂျူလီယန့်ကိုခေါ်လာရင် ဝန်ထမ်းတွေကို နှင်ထုတ်ပစ်တတ်တာအမှတ်ရသွားတယ်။

စတော်ဘယ်ရီယိုနံ့သင်းသင်းရနေတာကြောင့် ဂျူလီယန်က ပြင်ဆင်နေတဲ့ အန်တိုနီယိုရဲ့ဘေးကိုလာရပ်ကာ

" မွှေးလိုက်တာ..ကိုယ်တိုင်လုပ်နေတာလား "

အန်တိုနီယိုက လုပ်လတ်စကို ရပ်ပြီး ဘေးသို့ရောက်လာတဲ့ ဂျူလီယန့်ကိုယ်ပေါ်က Bathbrobe ခါးပတ်ကြိုးပြေနေတာကို အရင် တင်းတင်းလေးချည်ပေးလိုက်တယ်။

"အို့.. "

ရုတ်တရက်မို့ ဂျူလီယန်က အူတိအူကြောင်လေး။

" ထမင်းစားပွဲမှာထိုင် "

ရွှေဝါရောင်ဖန်စားပွဲကြီးမှာ ဂျူလီယန်ထိုင်လိုက်ပြီးနောက် အန်တိုနီယိုက သူပြင်ဆင်ထားသော မနက်စာကို လာချပေးတယ်။ အပြင်ပန်းနဲ့တင် အိအိတုန်တုန်လေးဖြစ်နေသော ကြက်ဥ ပူတင်းရယ်၊ စတော်ဘယ်ရီယို စမ်းထားတဲ့ ပေါင်မုန့်ရယ် အပြင် ကြက်အူချောင်းနဲ့ နွားနို့တစ်ခွက်တောင် ပါသေးတယ်။

"Wow...ခင်ဗျား လုပ်တာ ဘယ်ဆိုးလို့လဲ "

အင်းပေါ့...သူများနိုင်ငံမှာတောင် ရှစ်နှစ် ပညာသွားသင်လာပြီး မှတော့ တစ်ယောက်တည်း နေတတ်၊ချက်တတ်မှာပေါ့။

"ဖြေးဖြေးစား "

"အွန်ဟွန် "

ဂျူလိီယန်က ကြက်အူချောင်းကို တမြှုံ့မြှုံ့ဝါးရင်း ပြုံးပြလိုက်တယ်။ စားနေရင်း ဘေးပတ်ပတ်လည်ကို စူးစမ်းကာ

"ခင်ဗျားအမေရော ဒီမှာမနေဘူးလား...မစ္စလီလီယာလေ "

" မနေဘူး "

"ခင်ဗျား တစ်ယောက်တည်းပေါ့ "

"အင်း "

မစ္စလီလီယာက အပျို၊ အန်တိုနီယိုကမွေးစားသားလို့သိထားတာကြောင့် အဖေအကြောင်းကတော့ မေးစရာပင်မလိုတော့။

တဏှာစုန်း [Rated_M]Where stories live. Discover now