Part 16

22.2K 1.1K 15
                                    

Unicode

လူကြီးတွေကတော့ မင်္ဂလာပွဲကိုစီစဉ်ဖို့အလုပ်မအားကြ။ သတင်းကလဲထွက်သွားပြီဖြစ်၏။ ရိုးရာနဲ့ဂလိုဘယ်ဘက်ကသတင်းထုတ်လိုက်တာဖြစ်ပြီး မင်္ဂလာပွဲကလမကုန်ခင်းကျင်းပမှာဖြစ်သည်။ ရင်းနှီးသူလောက်နဲ့မိသားစုဝင်တွေလောက်ပဲဖိတ်ဖို့လုပ်ထား၏။ ကလေးတွေ dinner party ကျင်းပဖို့တော့သပ်သပ်စီစဉ်ပေးထား၏။ မင်္ဂလာသတင်းကတော့ အခုဆိုအားလုံးသိသွားကြပြီဖြစ်ပြီး shipper တွေသူတို့နှစ်ယောက်အတွက်ရည်ရွယ်ထားတဲ့ ပေ့ခ်ျတွေမှာလဲ တင်ကုန်ကြ၏။

"ခင်ဗျားပြောတော့ သူတို့နှစ်ယောက်ကို ကွဲအောင်လုပ်ပေးမယ်ဆို၊ ခင်ဗျားစကားကိုမတည်တာလား"

အခန်းတစ်ခန်းထဲမှာ ပေါက်ကွဲနေတဲ့နိုင်ထူး။ ဟိန်းရန်အောင်တို့ကအေးဆေး ဆိုဖာနောက်ကိုမှီထိုင်နေ၏။

"မင်းပြောချင်တာပြောလို့ရတဲ့သူမဟုတ်ဘူး။ စကားကိုဆင်ခြင်။ နောက်တစ်ခါအသံမာမာထွက်လာကြည့် မင်းခန္ဓာကိုယ်မှာတစ်သတ်တာဖြောက်လို့မရအောင် တစ်ခုခုလုပ်ပစ်မယ်"

ဟိန်းရန်အောင် ဘေးမှာမတ်တပ်ရပ်နေတဲ့ မေရီ့ဆီကထွက်လာတာဖြစ်သည်။ ဒါကစနောက်နေတာမဟုတ်မှန်းနိုင်ထူးသိသည်။ သူတို့နှစ်ယောက်ကြည့်ရတာ သီးသန့်တွေ့ဆုံချိန်ဆို အပြင်မှာဖော်ရွေနေတဲ့ပုံတွေနဲ့မတူဘဲ ကွဲထွက်နေတာသူသိသည်။ သူကိုယ်တိုင်ပါဝင်ပတ်သတ်နေပြီး အခုမှနှုတ်ထွက်လို့ကအဆင်မပြေတော့။

"ဒီမှာကောင်လေး မင်းကငယ်ပါသေးတယ်၊ ဒီလိုကိစ္စဆိုတာ နာနာလေးနှက်ချင်ရင် အချိန်ကောင်းစောင့်ရတယ်၊ သူတို့ပျော်နေတဲ့အတိုင်းအတာတစ်ခုအခုမှစတာ ပျော်ပါစေ၊ အချိန်တန် ငါလိုချင်တာလဲရမင်းလိုချင်တာလဲရဆို မကောင်းဘူးလား"

ဟိန်းရန်အောင်စကားအဆုံး မေရီက earpiece ကနေအပြင်ကတစ်ယောက်ကိုခေါ်ကာ နိုင်ထူးကို မြေအောက်ကားပါကင်ကနေ ပြန်ပို့ခိုင်း၏။

"အစ်ကိုဟိန်းရန်အောင်၊ ဟိုတစ်ယောက်ကိုအနားခေါ်မှာလား"

"မေရီ ကိုယ်နဲ့နှစ်ယောက်ထဲရှိချိန် လွတ်လွတ်‌လပ်လပ်ပြောပါလား၊ လာပါအုန်း ထိုင်ပါအုန်း"

All of my soul to baby (Complete) Uni & Zawgyi⚠️Where stories live. Discover now