Part 17

20.1K 1K 27
                                    

Unicode

ဇယ် ဇေနဲ့အတူရုံးလိုက်ကာ ရှယ်ယာရှင်အစည်းအဝေးထဲရောက်နေ၏။ ရှယ်ယာရှင်အစည်းအဝေးမှာ Finanace ပိုင်းက report အရအကျိုးအမြတ်ကိုတရားဝင်ထုတ်ပြန်ပြီး ဝေခွဲရ၏။ တစ်ခါထဲ သားတို့ရဲ့ Dinner party ပါတစ်ခါထဲဖိတ်လိုက်ကြ၏။ ရှယ်ယာရှင်အစည်းအဝေးအပြီး အီထွက်သွားတဲ့ ဇယ်ပါ။ အချိန်ကြည့်တော့ ၁၂နာရီ တောင်ကျော်နေပြီ။

"ဇေ ကိုယ်ပြန်တော့မယ်"

ဇေက လက်မှတ်ထိုးစရာရှိ‌တာတွေထိုးပြီး မေးလ်တွေပြန်နေတာဖြစ်၏။ သူပြောမှ မော့ကြည့်ကာ

"ဟင်! နေအုန်းလေ ကိုယ်နဲ့အတူ နေ့လည်စာမစားတော့ဘူးလား"

...........

သူ့မေးတာကိုပြန်မဖြေ ဆိုဖာမှာခွေယိုင်ကာထိုင်နေ၏။ သဘောက သူရုံးမှာမနေချင်တော့ဘူးဆိုတဲ့သဘော။ သူရယ်လိုက်ကာ သူ့ရဲ့ရိုးဆီထသွားတော့၏။ ဘေးနားဝင်ထိုင်ကာ

"ပြွတ်!"

"ပြန်ချင်ပြီဆိုလဲပြန် ကိုယ်နောက်အစည်းအဝေးတစ်ခုပြီး ပြန်လာခဲ့မယ်"

"နေအုန်း မပြန်ခင် စားဖို့မှာခဲ့ပေးမယ်"

နေ့လည်စာအတွက်နီးစပ်ရာ restaurant တစ်ခုမှ deli နဲ့လှမ်းမှာပေး၏။ စားဖို့တွေရောက်မှ ပြင်ဆင်ပေးကာ

"ကိုယ်ပြန်တော့မယ် လာစားတော့"

"ပြီးမှ..."

"မရဘူးအခုလာစား၊ ပြီးမှဆို နောက် meeting ဆက်သွားလိမ့်မယ်"

ပြောလဲပြောသူ့ကိုလာဆွဲထူကာ ထမင်းစား,စားပွဲတွန်းပို့၏။ သူထိုင်ပြီးတာနဲ့ ပုခုံးပေါ်တင်ထားတဲ့ ဇယ့်လက်ကိုယူကာ နမ်းလိုက်ပြီး

"ရိုးလဲပြန်တော့ ရောက်တာနဲ့စားတော့၊ မင်းသားတွေပြန်ရောက်နေလောက်ပြီ"

"ဟာ! ဟုတ်သားပဲ ဒီကောင်တွေကိုမေ့နေတာ၊ ပြွတ်! သွားပြီ"

သူ့အမျိုးသားဆိုတာ ဒီလိုကိုမရိုးအောင်ချစ်ရတဲ့အမူအရာတွေရှိ၏။ သူ့ပါးကိုနမ်းသွားပြီး ကားသော့ကောက်ယူကာ ပြေးထွက်သွားတော့၏။ သူ့အမျိုးသားလေးကိုမေးလိုက်ချင်၏ ချစ်ဖို့ကောင်းတဲ့အမူအရာတွေက ကုန်အုန်းမှာလားလို့။

All of my soul to baby (Complete) Uni & Zawgyi⚠️Where stories live. Discover now