Part 25

19.8K 1.1K 53
                                    

Unicode
(ပျော်ကြရဲ့လားရှင်)

ရင်းနှီးတဲ့မိတ်ဆွေရယ် မိသားစုဝင်တွေရယ်က လူမရှိတော့တဲ့အရိုးပြာအိုးရှေ့မှာ ဝမ်းနည်းချင်းအတွက်ပန်းတွေလာရောက်ကာထားကြ၏။ အဖေနှစ်ယောက်ကိုကြည့်တော့လဲ မိတ်ဆွေတွေကိုနှုတ်ဆက်နေပေမယ့် မျက်နှာတွေကတော့ လုံးဝမကောင်း။ သူတို့ရဲ့သမက်ကိုမတွေ့ရပေမယ့် ခမည်းခမက်တွေကတော့သူတို့နဲ့အတူ ဧည့်သည်တွေကိုနှုတ်ဆက်ရင်း နေရာချပေးနေ၏။ နာရေးလာတဲ့ဧည့်သည်တွေကတော့ ရိုးရာနဲ့ဂလိုဘယ် နှစ်ယောက်ရဲ့ပိုင်ဆိုင်မှုတွေကြည့်ပြီး အချင်းချင်းလက်တို့ကာ ‌ချမ်းသာကြွယ်ဝမှုကိုတွက်နေ၏။ သူတို့တွေအခုမှ ဒီအိမ်ထဲကိုဝင်ဖူးကြတာမလား။ မီဒီယာသမားတွေကလဲ တဖြတ်ဖြတ်ရိုက်ရင်း လာတဲ့လူတွေအားလုံးကိုမှတ်တမ်းတင်နေ၏ ဒါကလဲ ဇေနဲ့ဇယ် ခွင့်ပြုပေးထားတာကြောင့်ဖြစ်သည်။

ဓါတ်ပုံတွေတဖြတ်ဖြတ်ရိုက်ကူးသံဆူညံသွားတာကတော့ ဟိန်းရန်အောင်ကသူရဲ့ဇနီးလောင်းနဲ့လာခဲ့တာကြောင့်ပါပဲ။ ဝမ်းနည်းချင်းပန်းခွေကိုသွားရောက်ထားကာချ၏။ ဇေနဲ့ဇယ်ရှေ့လာကာ

"ဆုံးရှုံးမှုအတွက် ကျွန်တော်လဲထပ်တူဝမ်းနည်းရပါတယ်"

"ဒါပေါ့ ဆုံးရှုံးဘူးမှမင်းလဲတကယ်လက်တွေ့သိရမှာပေါ့၊ ဒါနဲ့မင်းရဲ့အတွင်းရေမှူး မတွေ့မိပါလား"

ဇယ့်စကားကြောင့်ဟိန်းရန်အောင်ကခဏကြောင်သွား၏။ ဦးဇယ်စေးရိုးပြောတာဘာအဓိပ္ပာယ်လဲ။ ဇေကတော့ စကားကိုဖြတ်ပစ်သည်။

"လာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်၊ ထိုင်အုန်းနော်"

"ဟုတ်ကဲ့"

သူတို့သွားရောက်ထိုင်ကြ၏။ နာရေးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားသူကို တသသပြောနေသူရှိသလို၊ မဆီမဆိုင်ရိုးရာနဲ့ဂလိုဘယ်ရဲ့ပိုင်ဆိုင်မှုကိုတွက်နေသူလဲရှိသည်။ တချို့ကတော့ ဒါဘယ်သူ့လက်ချက်ဖြစ်နိုင်မလဲ၊ ဖော်ထုတ်ပေးမယ်ပြောထားတဲ့ ဟိန်းရန်အောင်ကိုလဲယုံကြည်သည်။ ထိုအချိန်အိမ်အပေါ်ထပ်ကဆင်းလာသူကိုအားလုံးကတွေ့ကာ အံ့ဩနေ၏။ ဒီကလေးက စိတ်လွတ်သွားတာလား။ သေဆုံးသွားတဲ့ ကောင်လေးရဲ့ယောကျာ်းကလေ အားလုံးကပူဆွေးဝမ်းနည်းမှုကိုဖော်ညွှန်းကြဖို့အနက်တွေပဲဝတ်ထားပေမယ့် ဒီကောင်လေးရဲ့မျက်နှာက ပူဆွေးမှုမရှိသယောင်၊ ပြင်ပြင်ဆင်ဆင်နဲ့လဲဖြစ်နေသလို။ သူ့သမက်ကိုကြည့်ပြီး ဇယ်ကတော့

All of my soul to baby (Complete) Uni & Zawgyi⚠️Where stories live. Discover now