THIDINGYUT EXTRA

14K 628 11
                                    

THIDINGYUT EXTRA


“Baby ဘာတွေဝယ်မလဲ”

“market ထဲရောက်မှ တစ်ချက်ကြည့်လိုက်မယ်လေ ကိုကို”

“လက်စသတ်လိုက်တော့ ညနေ ကုန်တိုက်ဝင်ပြီး ပစ္စည်းရှာရမှာနဲ့ နောက်ကျနေမယ်”

“ဟုတ်”

အာသောတိမ်မာန် ကိုကိုပြောသည်နှင့် လုပ်လက်စအား လက်စသတ်လိုက်သည်။ သူတို့နှစ်ယောက်သည် ကွန်ဒိုမှာနေတာများတတ်ပြီး တစ်ပတ်ကို တစ်ခါ အိမ်ကိုတော့ မရောက်ရောက်အောင်ပြန်တတ်သည်။ ဖေကြီးတို့အိမ်ကိုရော ဖေဖေတို့အိမ်ကိုရော တစ်ပတ်ကိုတစ်ရက်တော့ မရောက်ရောက်အောင်သွား၏။ Arr Mahn restaurant တွေကို မမတို့လင်မယားတာဝန်ယူထားတာဖြစ်ပြီး သူသည် ကိုကို၏အလုပ်တွေအား တစ်စိတ်တစ်ပိုင်းတာဝန်ယူပေးသည်။
ကမ္ဘာရိုးမြေ ကွန်ဒိုအလုပ်ခန်းထဲရှိ ဆွဲလက်စ ကွန်ဒိုအားပိတ်လိုက်ပြီး ဘေဘီနှင့်အတူတူ ရှော့ပင်းထွက်ရန်အတွက်ပြင်ဆင်လိုက်သည်။ ဒီနေ့သည် သီတင်းကျွတ်လပြည့်ညဖြစ်ပြီး နှစ်ဖက်မိဘတွေအား ကန်တော့ဖို့လုပ်ရမည်။ ရေချိုးပြီးထွက်လာသည့် ဘေဘီအား တစ်ချက်နမ်းကာ ရေချိုးခန်းထဲဝင်လိုက်သည်။

“ဘေဘီ ကိုကိုဝတ်ဖို့ထုတ်ပေးထားအုန်း”

“ဟုတ် မြန်မြန်ချိုးနော် ကိုကို”

“ဟုတ်ကဲ့ဗျ”

အဝတ်ဗီဒိုဆီသွားကာ သူဝတ်ဖို့ရော ကိုကိုဝတ်ဖို့ပါထုတ်လိုက်သည်။ သူ့အတွက် ရှော့ပင်နှင့်ကိုကို့တီရှပ်ကို ထုတ်ယူလိုက်ပြီး ကိုကို့အတွက် တီရှပ်ပွနှင့် Jogger pants ကိုထုတ်ပေးထားလိုက်၏။ သဘတ်ပိုင်းပတ်ထားသည့် ကိုကို၏ခန္ဓာကိုယ်သည် မပြောင်းမလဲ ကြည့်ကောင်းပြီး ကိုကို့လိုရဖို့ သူလိုက်လုပ်ပေမယ့် မရပေ။ သို့ပေမယ့် အဆီပိုတော့မရှိ။

“ကိုကို မြန်မြန်ဝတ် အချိန်ဆွဲမနေနဲ့”

ကမ္ဘာရိုးမြေ ရေချိုးခန်းထဲကထွက်လာကာ ဗီဒိုရှေ့ရပ်နေသည့် ဘေဘီဆီသွားကာနောက်မှဖက်ထားရင်း ပုခုံးပေါ်မေးတင်ကာ ရပ်နေသောကြောင့် အာသောတိမ်မာန် ကိုကို့အားသတိပေးလိုက်ရသည်။

“ဝတ်ပေး”

“ဟွန်း မပြောတော့ဘူး ကိုကိုတို့ကိုတော့ သွားဝတ်သွား ဘေဘီဒီမှာ ပစ္စည်းတွေသိမ်းလိုက်အုန်းမယ်”

ပြွတ်!!

ကိုကိုဆိုတာသည်လိုပင်။ ကိုကို့အနားတွင်သူရှိပါက ပါးတွေနှုတ်ခမ်းတွေသည် ကိုကို့ဆီသို့ပါမြဲပင်။ ဒီလိုတွေပါသွားလဲ သူသဘောကျတာပင်ဖြစ်သည်။ ဒါတွေအကုန် ကိုကို့အပိုင်မဟုတ်လား။ ကိုကိုသည်လည်း သူ့အပိုင်၊ သူသည်လည်းကိုကို့အပိုင်။ ကွန်ဒိုကားပါကင်မှ မော်ဒယ်မြင့်ကားလေးတစ်စီးသည် လှစ်ကနဲပြေးထွက်သွားသည်။ ကုန်တိုက်၏ကားပါကင်တွင် ကားအားရပ်လိုက်ပြီး ကားထဲမှဆင်းလာသည့် ကမ္ဘာရိုးမြေ ဘေဘီလက့်အားဆွဲကာ ကုန်တိုက်ထဲဝင်လိုက်၏။

ဈေးဝယ်ခြင်းအား ကမ္ဘာရိုးမြေ တွန်းကာ ဘေဘီသည် ကန်တော့မည့်ပစ္စည်းတွေအား ရွှေးချယ်ကာဝယ်နေသည်။

“ကိုကို ဖေကြီးတို့အတွက် ဝိုင်ထည့်အုန်းမလား”
“ထည့်ရမှာ ဝိုင်ကာ အကုန်စာထည့်၊ လေးလေးတို့အတွက်လဲထည့်”

“ဟုတ်”

ကိုကိုပြောသည့်အတိုင်း အာသောတိမ်မာန် ဖေကြီးတို့သောက်လေ့ရှိသည့် ဝိုင်အား ရွေးယူလိုက်သည်။ ရွေးပြီးသည့်ပစ္စည်းများအား ပိုက်ဆံရှင်းကာ ခြင်းထဲထည့်ကာ လှလှပပထွက်အောင် လုပ်ခိုင်းရသည်။ ပြီးသည်နှင့် ကားပါကင်အထိ တွန်းသွားပြီး လုံခြုံရေးများသည် သူတို့ကားထဲအား ခြင်းတွေကူထည့်၏။

“ဘယ်ကို အရင်သွားချင်လဲ ဘေဘီ”

“ဖေဖေ့ဆီ အရင်သွားမယ်လေ ကိုကို၊ မမလဲစောင့်နေတာ ဒီည သားတို့ ဖေကြီးတို့အိမ်မှာအိပ်မှာမလား”

“အိုကေ ဖေဖေတို့ဆီအရင်သွားမယ်”

အာသောမာန်နှင့်ပန်းတိမ်ငိုတို့အိမ်ရှေ့တွင် ကားတစ်စီးရောက်လာသည့်အသံကြားသည်နှင့် အိမ်ထဲရှိ ပန်းတိမ်သည်ထွက်လာပြီး သားနှစ်ယောက်အား ထွက်ကြိုလိုက်သည်။

“ဖေဖေ”

“အင်း လာလာ”

ကားထဲမှ ခြင်းတစ်ခြင်းအား ထုတ်ယူပြီး ဖက်သွားသည့် သားအဖနှစ်ယောက်အနောက်မှ ကမ္ဘာရိုးမြေလိုက်သွားလိုက်သည်။ ဖေဖေသည် အမြဲနုညံ့နေတာဖြစ်ပြီး သူတို့ကိုလဲ မပျက်မကွက်စောင့်ရှောက်ပေး၏။ စားစရာဆိုလဲ ကျန်းမာရေးနှင့်ညီညွတ်သည့် ကွတ်ကီး၊ ကိတ်၊ ဖျော်ရည်မှအစ ကိုယ်တိုင်လုပ်ပြီး သူတို့ဆီကိုပို့သလို ခမည်းခမက်တွေဖြစ်သည့် ဒယ်ဒီနှင့်ဖေကြီး ဆီကိုလဲပို့သည်။

“လာကလေးတွေလာ”

ဒယ်ဒီသည်ဝင်လာသည့် သူတို့နှစ်ယောက်အား ခေါ်၏။ သူတို့ဝင်ထိုင်သည်နှင့် ဧကရီလေး၏ကလေးနှစ်ယောက်သည် သူတို့အပေါ်လာထိုင်တော့သသည်။

“ကဲ လာလာ ကန်တော့ကျ ဟိုဘက်သွားကန်တော့ရအုန်းမယ်မလား”

“ဟုတ်ကဲ့ ဒယ်ဒီ”

ဒယ်ဒီနှင့်ဖေဖေအား သူတို့အားလုံး ကာယကံ၊ ဝစီကံ၊ မနောကံနှင့်ပြစ်မှားမိသည်ရှိသော်အား အစချီကာ ခွင့်လွှတ်တောင်းခံအပ်ကာ ကန်တော့ရသည်။

“ခွင့်လွှတ်ပါတယ် သားတို့၊ သမီးတို့ စိတ်၏ချမ်းသာချင်း ကိုယ်၏ကျန်းမာချင်းနဲ့ပြည့်စုံပါစေ၊ ခလုတ်မထိ ဆူးမငြိပဲ အန္တရာယ်ရှင်း ဘေးကင်းပါစေ၊ အနာမျိုး ၉၆ ပါးမှကင်းဝေးပါစေ..”

ဖေဖေသည် ဆုအများကြီးပေးသည်။

“ဒယ်ဒီပါပေးလေ”

“အတူတူပဲလေ ဒယ်ဒီနဲ့ဖေဖေပေါင်းမှ မင်းတို့ဖြစ်လာတာ အဲ့တော့ ဖေဖေဆုပေးတာလဲ ဒယ်ဒီပေးတာနဲ့အတူတူပဲ အာ့ ကိုကို”

စကားလဲ အဆုံးဒယ်ဒီသည် ဗိုက်အားလိမ်ဆွဲခံလိုက်ရသည်။ အာသောတိမ်မာန် ဒယ်ဒီအားကြည့်ရယ်လိုက်သည်။ ဒယ်ဒီသည်နေရာတကာ ဒယ်ဒီနဲ့ဖေဖေပေါင်းမှဆိုသည့်စကားအားသုံးချင်သည်။ အခုတော့ ဒယ်ဒီသည်ဖေဖေ၏လိမ်ဆွဲချင်းကို ခံလိုက်ရ၏။ မမ၏ ကလေးတွေသည် ကိုကိုနှင့်သူ့အား ကန်တော့သည်ကြောင့် ကိုကိုနှင့်သူ ကလေးတွေအား မုန့်ဖို့းပေးရသည်။

“ကဲ သွားသွား သားငယ် မင်းဒယ်ဒီနဲ့မင်းဖေကြီးကို ရိုရိုသေသေကန်တော့နော်”

“ဟုတ်ကဲ့ ဖေဖေ”

“ဖေဖေ သွားပြီ”

“အေးအေး ကားကို ဂရုစိုက်မောင်းနော်”

ဖေဖေ့အား တာ့တာပြပြီး သူတို့ဖေကြီးတို့အိမ်ထွက်ခဲ့လိုက်သည်။ ဖေကြီးတို့အိမ်ရောက်သည်နှင့် ကားပါကင်အထိတန်းဝင်သွားလိုက်ပြီး အောက်မှတက်လာခဲ့လိုက်၏။

“ဇေ ကိုယ်တို့ ဒိတ်ကြမလား”

“ကိုယ့် ဇယ်စေးရိုးက ဘယ်ကိုသွားချင်လို့လဲ”
“ဘယ်ကိုသွားဖို့ ကြံစည်နေတာလဲ ကလေးတွေ လာကန်တော့နေတာကို”

“ဟာ ဒီကောင်တွေ ဝင်လာတာမတွေ့လိုက်ဘူး၊ ကားသံကြားသေးလား ဇေ၊ ကိုယ်တော့မကြားဘူး”

“ဖေကြီးကို မပြောဘူးနော် ကျွန်တော်တို့ကို ချောင်ထိုးပြီး ဘယ်သွားဖို့ချောင်းနေတာလဲ”

ဖေကြီးသည် ထိုသိုပင်။ အသက်ရလာသည့် ဒယ်ဒီနှင့်ဖေကြီးသည် အသက်ကြီးပေမယ့် မပျက်စီးသေးပေ။ ကုမ္ပဏီတွင် ဒါရိုက်တာအစည်းအဝေးရှိမှာသာ လာတတ်ပြီး ကျန်သည့်အချိန်တွင် အိမ်မှာပဲ အေးအေးဆေးဆေးဖြတ်သန်းသည်။ တစ်ခါတစ်လေ ခရီးထွက်သည်ဟု ဆိုပြီး ဖလမ်းရှိ သစ်ဝိုင်းကို နှစ်ယောက်သား သွားနေတတ်သေး၏။

“ကန်တော့မယ် ဒယ်ဒီလာထိုင်၊ ဖေကြီးလာ”

“အင်း”

ဒယ်ဒီနှင့်ဖေကြီးအား ကန်တော့ပြီးသည့်အခါ ဒယ်ဒီသည် ဆုပေးသည်။ ဖေကြီးအား ဆုပေးခိုင်းသည့်အခါတွင် ဖေကြီးသည် သူပြောနေကြ စကားတစ်ခွန်းပဲပြော၏။

“ဆုပေးတာတွေ ဆုတောင်းတာတွေ မလိုအပ်တဲ့အထိလိုလေးသေးမရှိအောင် ဖေကြီးက သားတို့ကို ဖြည့်ဆည်းပေးမယ်”

သည်စကားသည် ကန်တော့တိုင်းဖေကြီးပြောနေကြစကားဖြစ်သည်။ ဆံပင်ဂုတ်လောက်အား အမြဲထားတက်သည့် ဖေကြီးသည် ယခုလည်း ဆံပင်ဂုတ်လောက်ပင်ဖြစ်၏။ အသက်ကြီးပေမယ့် ဒယ်ဒီနှင့်ဖေကြီးအား နှစ်ယောက်တွဲတွေ့ရလျှင် လူတိုင်းငေးကြည့်ရမြဲဖြစ်သည်။

“မုန့်ဖိုးပြန်ပေးအုန်းလေ ဖေကြီး”

အာသောတိမ်မာန်သည် ဇယ့်ဆီမှ မုန့်ဖိုးတောင်းတော့သည်။

“ကုမ္ပဏီကြီးတစ်ခုလုံးပေးထားတာကို မုန့်ဖိုးလာတောင်းနေတယ် ကိုယ်ဘယ်လိုလုပ်ရမလဲ ဇေ”

“မင်းသားငယ် အကြောင်းမင်းသိရဲ့သားနဲ့”

ကမ္ဘာရိုးမြေ ဖေကြီးနှင့်ဘေဘီကြားတွင်ဝင်မပြောပဲနေလိုက်သည်။ ဖေကြီးနှင့်ဘေဘီသည် ဒီလိုပင်။ ဘေဘီသည် ဖေကြီးဆီမှ နည်းနည်းလေးမှ မရလျှင် မထပဲပေကပ်နေတတ်၏။

“လာလာ ရှေ့တိုးပြီးလာယူ”

“ရက်စ်”

နောက်ဆုံးမုန့်ဖိုးလာယူခိုင်းလိုက်ရပြီး ဘေဘီသည်ပျော်နေတော့သည်။

“ဝိုင်သောက်မလား ဖေကြီး ဒီမှာ အသစ်တစ်လုံးပါလာသေးတယ် သောက်လက်စရှိသေးလား”

“ဒီနေ့တော့ မသောက်တော့ပါဘူး၊ မီးပန်းဖောက်ချင်လား၊ ဖေကြီး ဝယ်ထားတာရှိတယ်သွားယူလိုက်၊ အော်ပြီးရင် သား၊ သားငယ်လေးနဲ့ ပိုက်ဆံခွဲပြီး စာအိတ်ထဲထည့်အုန်း”

“ဟုတ်”

သူတို့သည် သီတင်းကျွတ်တိုင်းလုပ်နေသည့် ပံ့သကူပစ်ဖို့အတွက် လုပ်ကြမှာဖြစ်သည်။ ပိုက်ဆံ ၁ သောင်းတန်တွေအား ပလက်စတစ်ထဲထည့်ကာ ပြီးမှ စာအိတ်ထဲ ထပ်ထည့်ပြီး ညကျရင် သူတို့သားအဖ လေးယောက်လုံးလိုက်ပစ်မှာဖြစ်သည်။ ကားနှင့်လဲလိုက်ကာ ပတ်ပြီး ခပ်ဝေးဝေးနေရာတွေပါ ပစ်မှာဖြစ်၏။

“ဖေကြီး သွားမယ်လေ”

“အားလုံး ဘယ်လောက်ပြီးသွားလဲ”

“၅၀၀၀၀ ဆီထည့်ထားတယ်ဖေကြီး အိတ် ၅၀၀ ဖေကြီး”

“အင်းသွားမယ်’

“ဖေက ဘယ်ကိုကားမောင်းမလို့လဲ ထိုင်လိုက်”

“မင်းတို့ကလဲ ငါ့ကိုလိုက်ချုပ်ချယ်နေတယ်၊ ငါက အလတ်ကြီးရှိသေးတယ် နော် ဇေ”

“ဟားဟား၊ ဟုတ်တာပေါ့ သားတို့တစ်စီသပ်သပ်သွား ဒယ်ဒီတို့တစ်စီးသပ်သပ်သွားမယ်”

အိမ်ကြီးမှ ကားနှစ်စီးထွက်သွားသည်လမ်းတစ်လျှောက်တွင် ပိုက်ဆံအိတ်လေးတွေသည် ကြုံရာကျပမ်းကျကုန်၏။ မနက်ဖြန်ရောက်လျှင်လည်း အားမာန်စားသောက်ကုန်လုပ်ငန်းမှ အလှူရှိသေးတယ်မဟုတ်လား။ ဆန်၊ ဆီ၊ ဆား ဝေမှာဖြစ်ပြီး သူတို့အားလုံး ဆုံကြအုန်းမှာဖြစ်သည်။

“လာပါအုန်း”

အိမ်ပြန်ရောက်လာသည့် သတို့သည်ကိုယ့်အခန်းကိုယ် ဝင်ကြပြီး ဇေသည်ဇယ့်အား ခေါ်လိုက်ကာ မတ်တပ်ရပ်ပြီးဖက်ထားသည်။

“ကိုယ်တို့ ခိုးဒိတ်ကြရအောင် ဇေ၊ သားတို့ကိုမပြောပဲလေ”

“သားတို့စိတ်ပူနေမှာပေါ့”

“ဇေက အားလဲမကိုးရဘူး”

“ကလေးက စိတ်ကောက်အုန်းမှာလား”

သားတို့အား အသိမပေးပဲ ခရီးသွားမယ်လုပ်နေသည့် ဇယ့်အားဇေသည် တဖွဖွနမ်းရင်း ချော့နေသည်။ သူ၏ကလေးသည် အသက်အရွယ်အားမေ့ကာ ၁၆ နှစ်သားဟုထင်နေပုံရပြီးအခုအချိန်အထိ ဟိုသွားမယ် ဒီသွားမယ် လုပ်တုန်းဖြစ်၏။ တစ်ဖက်အခန်း၏ ဝရန်တာတွင်လည်း ကမ္ဘာရိုးမြေသည် အာသောတိမ်မာန်အား ရင်ခွင်ထဲထည့်ကာ ကောင်းကင်အားမော့ကြည့်နေကြပြီး အချစ်တို့သည်သူတို့၏ ဝန်းကျင်တွင်လွှမ်းခြုံနေပြီး ပြုံးပျော်နေကြသည်။

All of my soul to baby (Complete) Uni & Zawgyi⚠️Where stories live. Discover now