Part 22

18.6K 1K 29
                                    

Unicode

"ကိုဟိန်း စီမံကိန်းအတွက်တင်ဒါဝင်ပြိုင်တဲ့အထဲက လုပ်ငန်းရှင်တစ်ဦးကတွေ့ခွင့်တောင်းနေတယ်"

"အင်း ခေါ်ခဲ့လိုက်လေ"

မေရီကအပြင်ထွက်ကာ တွေ့ခွင့်တောင်းသူအားထွက်ခေါ်၏။ ပြန်ဝင်လာသူက သူ့ကိုအရိုအသေပေးကာသူညွှန်ပြရာနေရာမှာဝင်ထိုင်သည်။

"ကျွန်တော့်က သက်လွင်ပါ လုပ်ငန်းကိုအခုမှ‌စဝင်မှာဆိုတော့ ဒါလေးကလက်ဆောင်ပါ"

လက်ဆောင်ဆိုတဲ့အရာကိုကြည့်တော့ card တစ်ခုထည့်လောက်တဲ့အရွယ်အစားအိတ်ဆိုတော့ ဒါက card ဖြစ်လောက်၏။ မုန့်ဘူးတောင်မဟုတ်ပဲ card ဆိုထဲက ပမာဏကတော့တော်တော်များသည်။

"အမတ်ဦးဟိန်းရန်အောင်ကို ကမ္ဘာရိုးမြေနဲ့တွဲတွေ့ဘူးလို့ ကျွန်တော်အရဲစွန့်လိုက်တာပါ"

"အော် Henry နဲ့ကအသိတွေလား"

"Henry foreign မထွက်ခင်ကတစ်ကျောင်းထဲတက်ခဲ့တာပါ၊ အခုလဲအဆက်အသွယ်ရှိပါတယ်"

"အော် ကိုယ့်ဆီဒီလိုဝင်လာတာရော သူသိလား"

"အဲ့လိုတော့မသိပါဘူး၊ ဒါကကိုယ့်လုပ်ငန်းနဲ့ကိုယ်သွားမှာဆိုတော့ ကျွန်တော်ပြောတာလက်ဆောင်ကိစ္စပါ၊ အမတ်ဦးဟိန်းရန်အောင်နဲ့တွေ့မှာကိုတော့ သိပါတယ်"

"Henry မိတ်ဆွေဆိုတော့ ကူညီရမှာပေါ့"

"ဟုတ်ကဲ့ ကျေးဇူးပါ"

မေရီက သက်လွင်အားအမူအရာနှင့်အပြင်ထုတ်သွား၏ဒါကသူ့ပြန်ခိုင်းတဲ့သဘော။ သူဘာမှထပ်မပြောပဲနဲ့ပြန်ထွက်ခဲ့လိုက်၏။ သူကားထဲရောက်တာနဲ့ပြောလိုက်တဲ့စကား !စောက်လုပ်ကိုရှုပ်နေတာပဲ သူတို့ထဲဝင်မိတာနဲ့ ရိုသေပြနေရသေးတယ်!။

အခန်းထဲ မေရီပြန်ဝင်လာတော့

"မေရီ ဘာပြောသေးတယ်"

"ဒီအထဲ ၅၀၀ ပါတယ် ဟိန်း"

"အိုး! Henry နဲ့မိတ်ဆွေဖြစ်တာ အကျိုးတော့တော်တော်ရှိတယ်၊ မေရီ ယူထားလိုက် ရေမွန့်ကိုဒီကိုလွှတ်ပေး ကိုယ်ခိုင်းစရာတစ်ခုရှိလို့"

ဘဏ်အကောင့်ထဲတိုက်ရိုက်ဝင်တာတွေဆို မေရီက တစ်ဝက်နီးပါးပြန်လက်ခံရရှိတတ်ပြီး ဒီလိုကဒ်တွေကိုတော့ သီးသန့်သိမ်းထားပေးရ၏။ ရေမွန့်ကိုအထဲ လွှတ်လိုက်ပြီး သူအပြင်မှာပဲနေခဲ့၏။ ဂျူလီယာဝင်လာတာတွေ့လိုက်တော့ သူ့စိတ်ကိုရှုပ်စေသည်။ ဂျူလီယာ့မိဘတွေနဲ့ဟိန်းက စေ့စပ်တဲ့သဘောမျိုးစကားပြောပြီးနေပြီဖြစ်သည်။ ဟိန်းကလဲအခုနောက်ပိုင်းနေရာရလာတာမြန်ပြီး သူ့ကိုအားလုံးကလဲလက်ခံကြသည်။ ဟိန်းကိုသူများဆီထည့်မပေးချင်ပေမယ့်လဲ ရပ်ကြည့်နေရမှာသူ့အလုပ်လိုဖြစ်နေ၏။ ဂျူလီယာကပိုက်ဆံလဲရှိ အခုအမတ်နဲ့စေ့စပ်ထားသူ ဇနီးလောင်းဆိုတော့ အရင်ကထက်ပြောရဲဆိုရဲလုပ်ရဲကိုင်ရဲဖြစ်နေတာ။ ဂျူလီယာကမေရီ့ကိုကျော်ပြီးအခန်းထဲဝင်ဖို့ပြင်၏။ သူရှေ့ကိုပိတ်ရပ်လိုက်တာက မေရီ။

All of my soul to baby (Complete) Uni & Zawgyi⚠️Donde viven las historias. Descúbrelo ahora