Part 24

18.3K 1K 18
                                    

Unicode

"သား သွားရအောင် အချိန်မှီဖို့လိုတယ်"

ဇယ်ကမောင်းပြီးဇေကဘေးကထိုင်လိုက်ကာ ကမ္ဘာရိုးမြေက နောက်ခန်းမှာ ခြေတွေခွဲထိုင်ရင်း ဒူးပေါ်လက်နှစ်ဖက်ထောက်ကာ လက်နှစ်ဖက်နဲ့နားထင်တွေကိုဖိထား၏။ ဇယ့်ဆီဝင်လာတဲ့ message ကအန်ကယ်နေမာန်ဆီကဖြစ်ပြီး Location ကိုပို့လိုက်တာဖြစ်၏။

"ဖေ ကားခဏရပ်"

ဇယ်ကားရပ်ပေးထာတာနဲ့ ဘေဘီ့ဖုန်းမြည်နေတာကို ကိုင်လိုက်၏။

(ဘယ်လိုလဲ နာရီဝက်ရှိပြီနော်၊ ပိုက်ဆံချက်ချင်းမရောက်ရင် သေတဲ့လူတောင်မြင်လိုက်ရမှာမဟုတ်ဘူးနော်)

"ခင်ဗျားသွားချင်တဲ့ ငရဲသာကြိုရွေးထား"

ကမ္ဘာရိုးမြေ, သူပြောပြီးတာနဲ့ဖုန်းချလိုက်၏။ အဲ့တော့မှဇယ်က ကားကိုဆက်မောင်းတော့သည်။

>>>>>>>>>>>>>>

ရေမွန် ထိန်းချုပ်ခန်းဘက်ကိုလစ်ထွက်လာကာ အာသောတိမ်မာန်ကို cctv ကမှရှာပြီး သူတို့အခုလက်ရှိတည်နေရာနဲ့အာသောတိမ်မာန်ရှိမယ့်နေရာရဲ့ latitude longitude ကိုသူ့ဆရာဦးနေမာန်ကိုပို့လိုက်တာဖြစ်သည်။ ကျန်တာသူ့ဆရာဆက်လုပ်လိမ့်မည်။ သူပို့ပြီးတာနဲ့ ဘယ်သူမှသတိမထားမိအောင် လေအလျင်လိုကိုယ့်နေရာကိုယ်ပြန်ရ၏။ သူ့ဂျူတီချိန်ရှေ့မှာထိုင်နေတုန်း မေရီက တစ်ကိုယ်လုံးနက်ဆွေးနေတဲ့အဝတ်အစားနဲ့ထွက်လာကာ

"ရေမွန် အပြင်ဂျူတီကျတယ် သွားမယ်"

ဒီတစ်ခါတော့ ဟိန်းရန်အောင်မပါ ညအချိန်ကြီးဖြစ်ပြီး မေရီခေါ်ရာပဲလိုက်ခဲ့လိုက်၏။ မေရီ့ကိုဟိန်းရန်အောင်က အာသောတိမ်မာန်ဖမ်းထားတဲ့အဆောင်အဦးခပ်လှမ်းလှမ်းကနေ စောင့်ကြည့်ခိုင်းနေတာဖြစ်သည်။ သူနဲ့ဟိန်းရန်အောင် အထဲမှာတစ်ဖက်ကိုဖုန်းနဲ့ညှိနှိုင်းနေတုန်း တဖက်ကအခုထိပိုက်ဆံပေးမယ်စကားစမလာသေး။ တစ်ဖက်ကလူက အသံတုနဲ့ရော ဖုန်းတွေက ခြေရာခံလို့မရတာနဲ့ရော ပြောနေတာကြောင့် ဘယ်သူလဲတော့သိမှာမဟုတ်။မေရီဒီပွဲမှာ အားတတ်သရောကူညီပေးနေတာဖြစ်၏။ သူလဲ Henry ပြိုလဲပျက်စီးတာမြင်ချင်သည်။ Henry ပြိုလဲပျက်စီးရင် သူ့မိဘတွေဘယ်လိုနေမလဲ သူ့မျက်စိနဲ့အရသာခံကြည့်ချင်၏။ ရေမွန်နဲ့သူ အာသောတိမ်မာန်ဖမ်းထားတဲ့အဆောက်အဦးအနီးရောက်သွားပြီး ကားထဲမှထွက်ကာ လှည့်ပတ်ကြည့်ကြသည်။

All of my soul to baby (Complete) Uni & Zawgyi⚠️Donde viven las historias. Descúbrelo ahora