Part 26

22.5K 1K 24
                                    

Unicode

နာရေးမှာလူစည်နေပြီး အားလုံးက အာသောတိမ်မာန်ကို လှည့်ကြည့်လှည့်ကြည့်။ ဒါကသူတို့အတွက်တော့ထူးဆန်းတာပဲလေ။ ကိုယ့်ယောကျာ်းတစ်ယောက်လုံးရဲ့နာရေးမှာ ဝမ်းနည်းမှုမရှိပဲ ပုံမှန်လူလိုအေးအေးဆေးဆေးထိုင်နေတာကို။ အားလုံးငြိမ်သက်စွာထိုင်နေချိန်

"ဖေကြီး သားရှေ့မှာသွားစောင့်နေအုန်းမယ်"

အာသောတိမ်မာန် ကဇယ့်ကိုပြောတော့ ဇယ်ကခေါင်းငြိမ့်ပြကာ ခွင့်ပြုပေးလိုက်၏။ ပန်းတိမ်ကတော့ သားငယ်ကိုကြည့်ပြီးဘာပြောရမှန်းမသိဖြစ်နေ၏။ ဒါကိုသိတဲ့ အာသောက ပန်းတိမ့်လက်ကိုဖျစ်ကာ

"ကိုကို့သမက်လေးက မသေဘူး"

"ဟင်!"

ပန်းတိမ်ကမယုံနိုင်စွာ အာသောကိုမော့ကြည့်၏။ အာသောကပြုံးပြရင်း ခေါင်းငြိမ့်ပြသည်။ ပန်းတိမ်အခုမှ စဉ်းစားမိတယ် မနေ့ကသားပျောက်သွားပြီး တော်တော်နောက်ကျမှပြန်လာတာ။ ခမည်းခမက်တွေကလဲ အရမ်းပူဆွေးသောကရောက်နေတာလဲ မတွေ့ ဒါဆိုဒါကသေစေချင်နေတဲ့သူတွေကို ဝမ်းသာအားရဖြစ်အောင် နာရေးကို သပ်သပ်စီစဉ်တာလား။ နေပါအုန်း ဒီကိစ္စကိုအာသောကကြိုသိနေပြီး သူ့ကိုမပြောပြတာလား။ သူ့လက်ကိုကိုင်ထားတဲ့အာသောလက်ထဲကနေပြန်ဆွဲတော့ လက်ကိုလွှတ်မပေး။ လက်တွေကိုလိမ်ကာဆွဲထုတ်တော့ သူ့လက်ကိုပိုတင်းတင်းကြပ်ကြပ်ကိုင်ကာ

"ပြီးမှစိတ်ဆိုးနော် ကိုကိုကျေနပ်အောင်ချော့မယ်"

"မင်း ငါ့ကို့စကားလာမပြောနဲ့"

အာသောတကယ်အသဲယားပါသည် ကိုကိုကဒီလိုပါဆိုနေ။ သူ့ကို မပြောပြလို့စိတ်ဆိုးသွားတာ။ အမှန်ဆိုသူလဲ မနေ့ကမှသိရတာဖြစ်သည်။ သားပျောက်သွားလို့ ခမည်းခမက်တွေသွားမေးတော့မှ သူ့ကိုဘယ်လိုဘယ်အကြောင်းပြောပြတာဖြစ်၏။ ကိုကို့မပြောဘူးဆိုတာ ကိုကိုကဟန်ဆောင်ကောင်းတာမဟုတ်။ သူတို့အစီအစဉ်မတိုင်ခင် သားမက်လေးကိစ္စပေါ်သွားလို့မဖြစ်တာကြောင့် ကိုကို့,ကိုမပြောပြတာဖြစ်သည်။

သူတို့အားလုံးငြိမ်သက်နေချိန် ခြံဝန်းထဲသက်ဆိုင်ရာတာဝန်ရှိသူတွေဝင်လာကာ ဖမ်းဝရမ်းနဲ့အတူ

All of my soul to baby (Complete) Uni & Zawgyi⚠️Where stories live. Discover now