Part 20

21.4K 1.1K 14
                                    

Unicode

(အလိုလိုက်ပေးလိုက်ပြီနော်)

သူတို့ပေးပို့မယ့်ဖြေရှင်းချက်ကတော့ တခြားကားရဲ့ black box ကနေရိုက်မိထားတဲ့ video ဖြစ်ပြီး ဒီလူက သူတစ်ယောက်ထဲကိစ္စတွေကိုခေါင်းခံသွားတယ်ဟူ၍။ Black box ထဲက ရေမွန်က mask တပ်ထားတာကြောင့်သူတို့လူစားထိုးလို့ရလိုက်တာဖြစ်၏။ စုရပ်လုပ်တဲ့နေရာမှာ လုပ်ကြံမှုကိုလုပ်လိုက်တာဖြစ်၏။ ဒီ report ကိုသူနောက်၁/၂ ရက်လောက်နေမှပေးဖို့လုပ်ထား၏။ Trip ကိုသူတို့ဆက်လိုက်မသွားပဲ ပြန်ခဲ့ကြတာဖြစ်သည်။ ဖြစ်စဉ်အတွင်းဝင်ကယ်ကာနာမည်ယူမယ်လုပ်ထားပေမယ့် သူခေါ်ထားတဲ့ဆေးအဖွဲ့က ဒီလူတွေကိုထိတောင်မထိလိုက်ရတဲ့အပြင် အန်ကယ်ဇယ်စေးရိုးက အထက်စီးဆန်ဆန်အမှုကိုဖြေရှင်းပေးဖို့ပြောသွားတော့ ခံရခက်နေ၏။

ဖြစ်ပျက်သွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး မှန်းထားသလိုဖြစ်မလာတော့ စိတ်ကအဆင်မပြေ။ သူကိုယ်တိုင်ကယ်တင်သူလိုလိုနဲ့ဖြေရှင်းပေးဖို့လုပ်ထားပေမယ့်အခုတော့ကိုယ့်လူကိုစတေးရသလိုဖြစ်နေ၏။ ကား accident ဖြစ်အောင်လုပ်ပေးတဲ့သူက ရေမွန်ဖြစ်သည်။ အန်ကယ်ဇယ်စေးရိုးရဲ့ အဲ့နေ့တုန်းကကြည့်တဲ့အကြည့်တွေကိုသူသိသည်။ ဒီကိစ္စက သူနဲ့မေရီ ဇာတ်လမ်းဆင်မှရတော့မှာဖြစ်၏။ ရိုးရာနဲ့ဂလိုဘယ်ဘယ်လောက်အင်အားကြီးလဲဆိုရင် ဒီကိစ္စဖြစ်ပျက်သွားတာ သတင်းထဲတွေရော အွန်လိုင်းပေါ်မှာ ဘာဆိုဘာမှမတွေ့ရ။ အခန်းထဲမှာသူရယ်မေရီရယ်အတူရှိနေ၏။ အပြင်မှာတော့ ရေမွန်ရှိနေသည်။ အခုသူတို့က သီးသန့်အိမ်ယာမှာနေ,နေရတာဖြစ်သည်။ ဒီကိစ္စမှာ ရေမွန်ကိုသူတို့နှစ်ယောက်စိတ်ချသွားရပြီဖြစ်ပြီး အတွင်းရေးကိစ္စတွေကိုပါခိုင်းဖို့ပြင်နေပြီဖြစ်သည်။

>>>>>>>>>>>>

အာသောရောပန်းတိမ်ပါ ကမ္ဘာရိုးမြေဆီရောက်နေတာဖြစ်ပြီး အောက်ကဧည့်ခန်းမှာထိုင်ကာ လူကြီးတွေစကားပြောနေ၏။ သူတို့ရောက်တော့ သားငယ်လေးတို့အခန်းထဲရောက်သွားသေးသည်။ သားငယ်လေးကသတိရထဲက သူ့ကိုကိုအနားကတစ်ဖဝါးမှမခွာ။ ကမ္ဘာရိုးမြေလေးက လက်မောင်းအပြင်ဘက် မှန်စတွေစိုက်မိသွားတော့ဖယ်ထုတ်ထားရတာဖြစ်ပြီး နက်တဲ့ဒဏ်ရာတစ်ခုက ချုပ်ထားရတာဖြစ်သည်။ သူတို့မိသားစုဆရာဝန်က အိမ်မှာတင်အကုန်လုပ်ပေးထားတာဖြစ်ပြီး အခုတော့ဆေးရှိန်နဲ့ရောအနာရှိန်ကြောင့်ပါ အိပ်ပျော်နေတာဖြစ်၏။ ကြီးကြီးမားမားဘာမှမဖြစ်တာ ကံကောင်းတယ်လို့ပဲဆိုရမည်။ သူတို့လဲ ကြားကြားချင်း ချက်ချင်းလာခဲ့လိုက်တာဖြစ်၏။ ဘာကြောင့်များသားငယ်လေးကိုအညှိုးထားနေလဲ သူတို့လဲ မခန့်မှန်းတတ်။

All of my soul to baby (Complete) Uni & Zawgyi⚠️Onde histórias criam vida. Descubra agora