Unicode
သင်္ကြန်အတွင်းမှာ ဘေဘီ့ဒယ်ဒီနဲ့ဖေဖေက ဘုန်းကြီးကျောင်းမှာ ဥပုသ်သီလယူသူတွေကို နေ့စဉ်နေ့တိုင်း နေ့ဆွမ်းကပ်လှူတာကြောင့် ဖေဖေရောဖေကြီးရော သူတို့ပါဝိုင်းကူနေကြရတာဖြစ်သည်။ ဖေဖေနဲ့ဖေကြီးတို့ကတော့ ရုံးတစ်ရက်ကြိုပိတ်ကာဝန်ထမ်းတွေကို သင်္ကြန်မုန့်ဖိုးပေးကြသည်။ ကိုယ့်နေရပ်ကိုပြန်တဲ့သူတွေကလဲ မုန့်ဖိုးရကြတော့ မိဘဆွေမျိုးတွေအတွက်ကန်တော့ဖို့ကအစဝယ်သွားကြ၏။ ဖေဖေနဲ့ဖေကြီးက လမ်းထဲမှာနေ့စဉ် မုန့်လုံးရေပေါ်၊ သာကူ၊ သင်္ကြန်ထမင်း စသည်ဖြင့်မထပ်အောင်စီစဉ်ကာ လှူထား၏။
"ကိုကိုကလဲ ပုဆိုးတစ်ခါဝတ်ပြရင် မှတ်မထားဘူး သားပဲဝတ်ပေးနေရတယ်"
"တစ်ခါတစ်လေဝတ်ပေးရတာကို ကိုယ့်ယောကျာ်းကိုငြိုငြင်နေတယ်"
"သားကမဝတ်ပေးချင်လို့မဟုတ်ပါဘူးနော်၊ ကိုကို လူရှေ့သူရှေ့ကျွတ်လို့သားဘေးနားမရှိရင် ကိုကိုပဲပုဆိုးစကြီးကိုင်ပြီး သားကိုလိုက်ရှာနေရတာလေ၊ သူများတွေမြင်တော့ဘယ်ကောင်းမလဲ၊ ရုပ်ကလေးကချောချောလေးနဲ့ ပုဆိုးစကြီးတန်းလန်းကိုင်ပြီး လျှောက်သွားနေတယ်"
"အင်းပုဆိုးစတန်းလန်းမကိုင်တော့ဘူး ဘေဘီတန်းလန်းပဲကိုင်တော့မယ်"
"ကိုကို!"
"ဟားဟား ပြွတ်! ချစ်လိုက်တာ"
"ဟွန့်၊ ဖေကြီးရောအဆင်ပြေလားမသိဘူး"
"အဲ့ဒါပဲ ဘေဘီက ကိုကို့ကိုပဲပြောနေတယ် ဖေကြီးကမှ အခုအရွယ်ကြီးအထိ ပုဆိုးမဝတ်တတ်တာဘယ်လိုလုပ်မလဲ"
"ကိုကိုတို့သားအဖက လိုက်လဲလိုက်တယ်"
တစ်ဖက်အခန်းတွင်တော့ ဇေကမ္ဘာယံမှာ ဇယ်ကိုပုဆိုးဝတ်ပေးကာ ခါးပတ်ပါပတ်ပေးရန်ရည်ရွယ်နေ၏။
"ဇေ ခါးပတ်မပတ်ဘူးနော်"
"အဲ့တာဆို ကျွတ်ကျွတ်နေမှာပေါ့ ပတ်ရမယ်"
"မပတ်ပါဘူးဆို အတင်းပတ်ပေးရင် လူကြားထဲပုဆိုးချွတ်ချလိုက်မှာနော်"
"ဟာ ဆိုးလိုက်တာကွာ လူကြားထဲပုဆိုးချွတ်ချရအောင် ကိုယ့်အသက်ကိုယ်ပြန်ကြည့်အုန်း"
YOU ARE READING
All of my soul to baby (Complete) Uni & Zawgyi⚠️
Fantasyကမ္ဘာရိုးမြေ & အာသောတိမ်မာန် 4th Creation Pic Crd. From Pinterest Start : 9.3.2022 End : 15.4.2022 (ရိုး & ကိုယ်ပိုင်တဲ့နေရာ ရဲ့အဆက်တော့မဟုတ်ဘူးပေါ့ ဒါပေမယ့် ဇာတ်ကောင်တွေက ပြန်ပါမှာပါနော်) ကမ္ဘာရိုးမြေ & အာသောတိမ်မာန် (ရိုး & ကိုယ်ပိုင်တဲ့နေရာ ရဲ့အဆ...