Part 4

26.8K 1.5K 24
                                    

Unicode

အာသောတိမ်မာန်လေး ကျောင်းပိတ်ရက်နဲ့အတူအခန်းထဲအောင်းနေတာဖြစ်၏။ ဒီရက်ပိုင်းသူကောင်းကောင်းအိပ်မပျော်ဘူးဖြစ်နေတယ်လေ။ အဓိက တရားခံကတော့ သူရဲ့ကိုကိုပေါ့။ ကိုကိုဆိုတာသူသိပေမယ့် မသိချင်ယောင်ဆောင်ထားဆဲ။

ရန်ပွဲညနေ

သူ့ကိုထိခိုက်မိသေးလားမေးတဲ့သူကို ဘာမှမပြောပဲ လွယ်အိတ်ကောက်ယူကာ ထွက်ခဲ့လိုက်ပြီး ထူးအံ့ကိုတောင်မခေါ်မိ။ အမှန်တော့သူထူးအံ့လဲမေ့သွားပြီး ဘာပြောရမှန်းမသိဖြစ်နေတာ။ သူ့စိတ်ထဲ ဇဝေဇဝါ မျက်လုံးမီးခိုးရောင်ကိုသာမှတ်မိပြီး သူ့ကိုဘေဘီလို့ခေါ်လိုက်တာနဲ့ပေါင်းပြီး ထိုလူကို ကိုကိုလို့သူကောက်ချက်ချလိုက်တာ။  ထူးအံ့ကနောက်မှ မှီအောင်လိုက်လာကာ

"ဟေ့ကောင် ကားငှားလိုက်တော့မယ်"

Taxi လဲကိုယ်တွေဘေးကိုရပ် ထူးအံ့ကားထဲဝင်ပြီး ကိုယ်ဝင်မယ်လုပ်ကာမှ လက်လှန်းဆွဲခံလိုက်ရ၏။ သူလှည့်မယ်လုပ်တော့ ကားတံခါးနားခေါင်းငုံ့ကာ

"ညီလေးပြန်နှင့်လိုက် ကိုယ်သူ့ကိုလိုက်ပို့ပေးလိုက်မယ်"

ဆိုပြီး ကားတံခါးပိတ်ကာသူ့လက်ကိုဆွဲခေါ်သွား၏။ ထူးအံ့မှာဘာလုပ်ရမှန်းမသိ တစ်ခါမှမတွေ့ဘူးပဲ ဒီလူက သူ့သူငယ်ချင်းကိုပြန်ပေးဆွဲသွားရင်ဘယ်လိုလုပ်မလဲ။ ဒါပေမယ့် ဒီလူ့ကိုကြည့်ရတာ ရှယ်မိုက်နေတော့ပြန်ပေးဆွဲသူတော့မဟုတ်လောက်။ ဟိုကောင်ကလဲ စကားတစ်ခွန်းမပြောဘူး ဆွဲခေါ်သွားတာကို လိုက်သွားလေရဲ့။ နောက်ဆုံးတော့သူပါသူ ကားမောင်းတဲ့သူကို လိပ်စာပြောကာ တစ်ယောက်ထဲပြန်ခန်းရောက်သည်။

ဒီလူဆွဲခေါ်လာတဲ့နောက်ကို ကိုယ့်ခြေထောက်တွေကကျင့်သားရနေတဲ့အတိုင်းသားပါလာ၏။ သူခေါ်ရာမလိုက်ဘူးလို့စိတ်ထဲမှာအော်ပြောနေပေမယ့် ‌လက်တွေ့မှာတော့ ဘာစကားမှထွက်မလာ။ သူ့ကားလို့ထင်ရတဲ့ကားနားရောက်တော့ရှေ့ခန်းကိုဖွင့်ကာ သူ့ကိုထိုးထည့်သည်။ ပြီးတာနဲ့ထိုသူကတစ်ဖက်အခြမ်းမှာဝင်ထိုင်၏။ သူဝင်ထိုင်ပြီး ကိုယ့်ဘက်ကိုလှည့်ကြည့်နေတာသိသော်လည်း ဘာပြောရမလဲစဉ်းစားကာ

All of my soul to baby (Complete) Uni & Zawgyi⚠️Onde histórias criam vida. Descubra agora