Final

29.3K 1.1K 28
                                    

Unicode

ဧည့်ခန်းထဲမှာ ဖေဖေရောဖေကြီးရောရှိသလို သူ့ဒယ်ဒီရောဖေဖေရောရှိ၏။ မနေ့ကတစ်နေ့လုံး ကိုကို့စိတ်ကြိုက်လိုက်လျောလိုက်ရတော့ မနက်နိုးတာနဲ့ သူဆေးထိုးခန်းကိုရောက်ရတော့သည်။ ဒယ်ဒီတို့လဲမပြန်ဖြစ်သေး ကိုကိုကသူ့ကိုချီကာရင်ခွင်ထဲထည့်ထား၏။ ‌ဖေဖေနဲ့ဖေကြီးက ဆိုဖာတစ်လုံးမှာထိုင်ပြီး ဒယ်ဒီနဲ့ဖေဖေက ဆိုဖာတစ်လုံးမှာထိုင်နေပြီး အမတ်ဟိန်းရန်အောင်ရဲ့သတင်းကိုထိုင်ကြည့်နေတာဖြစ်သည်။

ဟိန်းရန်အောင်နဲ့အတွင်းရေးမှူးဖြစ်သူမေရီတို့နှစ်ယောက်စလုံးရဲ့အမှုတွေပြန်ပေါ်လာကာ နှစ်ယောက်စလုံးကြိုးမိန့်ပေးခံလိုက်ရ၏။ ကြည့်ရတဲ့ပုံကတော့ ‌ဟိန်းရန်အောင်ကမေရီကိုတစ်ယောက်ထဲ ခေါင်းမခံခိုင်းပဲသူပါဝန်ခံလိုက်ပုံရသည်။ သေချာတယ် အယူခံမဝင်တဲ့သူတို့နှစ်ယောက်က ဒီတစ်လအတွင်းမှာပဲ အဆုံးသတ်တော့မှာ။ သူတို့နောက်ထပ်ဖုန်းလက်ခံရရှိတာက သူတို့အဆုံးမသတ်ခင် ထောင်ထဲမှာ ဟိန်းရန်အောင်ကမေရီ့ကိုနေတိုင်းတွေ့ချင်ပါတယ် တွေ့ခွင့်ပေးလိုက်ရမလားဟူ၍။ သူတို့ဘက်ကတော့ တွေ့ခွင့်ပေးထားလိုက်ပြီးစောင့်ကြည့်ခိုင်းထား၏။ တကယ်တမ်းဟိန်းရန်အောင်က မေရီ့အကုန်ခေါင်းခံလိုက်တယ်ဆိုထဲကသူ့စိတ်မှာအဆင်မပြေတော့ နောက်ဆုံးသူ့ရွေးချယ်မှုက ငါတို့အတူတူသေကြမယ်ဆိုတဲ့သဘောပါပဲ။ သတင်းထိုင်ကြည့်နေကြရင်း ကမ္ဘာရိုးမြေက သူ့ရင်ခွင်ထဲကဘေဘီ့ကိုကြည့်ကာ

"ဘေဘီ ဟိုကောင်ကိုဘယ်လိုဖြစ်စေချင်လဲ"

"ထားလိုက်တော့မယ် ကိုကို"

တကယ်လဲ သူတို့မိသားစုစီးပွားရေးက အချိန်ခဏလေးအတွင်းမှာအောက်ဆုံးထိုးကြသွားတာကိုသူသိသည်။ ဒါကိုကိုနဲ့ဖေကြီးတို့လက်ချက်ဆိုတာလဲသိ၏။

"ဇေ! ဟို ဟိုတယ်ဘက်ကတွေ့ခွင့်တောင်းသေးလား"

"ကိုယ်တစ်ခါထဲငြင်းချက်ထုတ်ပြီးသား"

"အင်း"

ဖေကြီးတို့ပြောနေတာသူသိလိုက်၏။ ဒါကိုကို့,ကိုဆေးမိပြီးသူအခန်ထဲဝင်ချင်တဲ့သူဝင် ထွက်ချင်တဲ့သူထွက်လုပ်လို့ ဟိုတယ်ကို black list သွင်းလိုက်တာ။ ရိုးရာနဲ့ဂလိုဘယ်က black list သွင်းထားတဲ့ လုပ်ငန်းတွေဆိုချက်ချင်းဇောက်ထိုးဖြစ်သွားသည်အထိ။

All of my soul to baby (Complete) Uni & Zawgyi⚠️Donde viven las historias. Descúbrelo ahora