Part 11

22.7K 1.2K 22
                                    

Unicode

အာသောတိမ်မာန်ကတော့ သူ့မမဧကရီလေးကိုကားမမောင်းခိုင်းပဲ သူကိုယ်တိုင်လိုက်ပို့လိုက်ကြိုလုပ်နေ၏။ ဧကရီလေးက အခု‌အဝေးသင်အတွက်ကျောင်းတတ်နေရပြီဖြစ်ပြီး သူ့အကြောင်းပြကာ သူ့မောင်လေးဖြစ်တဲ့မန်လေးကတော့ မနက်ကနေညနေအထိ ကျောင်းနားမှာဝဲလည်ဝဲလည်လုပ်နေတာပါပဲ။

"ပန်းဧကရီမာန်!"

"ဟင်!...ရဲရင့်ဝေယံ"

"အေး နင်ရောအဝေးသင်တတ်တာလား"

"ဟုတ်တယ် နင်ရောလား"

"အေး"

"အော်"

"အတူထိုင်လို့ရတယ်မလား"

"ရတယ် ထိုင်လေ"

သူတို့နှစ်ယောက်ကအခုတော့ရင်းနှီးတဲ့သူငယ်ချင်းတွေ တကယ်ဖြစ်သွားလေရဲ့။ ကန်တင်းနှစ်ယောက်အတူသွား ကျူရှင်ဆိုပန်းဧကရီကတတ်ပြီး သင်တဲ့စာတွေရဲရင့်ဝေယံကိုပြန်ပြောပြ၏။ ကျောင်းထဲကနှစ်ယောက်အတူထွက်လာရင်ပဲ ရှေ့တည့်တည့်မှာမာန်လေးက ကြည့်နေလေရဲ့။

"မာန်လေး ငါတို့ဆိုင်ထိုင်အုန်းမှာ သူ့ကိုစာပြန်ပြောပြရအုန်းမှာမို့လို့ နင်ပါထိုင်မလား"

"ထိုင်မယ်"

ရဲရင့်ဝေယံက ကြောင်ကြည့်နေ၏။ ရုပ်တွေကတူနေတာလေ မိန်းကလေးယောကျာ်းလေးနှစ်ယောက်။

"‌မိနစ်ပိုင်းငယ်တဲ့ အမွှာမောင်လေးလေ"

"အော် အဲ့ဒါကြောင့်တူပါတယ်လို့ထင်နေတာ"

မာန်ကတော့မိတ်လဲမဆက် ဒီလူနဲ့သူ့အစ်မကဘယ်လိုပတ်သတ်လဲကြည့်နေ၏။ ရုတ်တရက်ဖုန်းလာတော့ကိုကို

"ကိုကို"

(ဘေဘီ ဘယ်မှာလဲ)

"ဧကရီ့ကျောင်းမှာ ကျောင်းလာကြိုပေးတာ"

(ဟုတ်ပြီ ဟုတ်ပြီ၊ ညကျ ကိုကိုဘေဘီတို့အိမ်လာခဲ့အုန်းမယ်)

"ဟုတ်ကိုကို"

သူနဲ့ကိုကိုဖုန်းပြောနေတာကို ဧကရီသူငယ်ချင်းက တစ်ခါတစ်လေမျက်စိရောက်လာ၏။ သူဝိုင်းကထသွားကာ ကိုကိုနဲ့ဖုန်းဆက်ပြောနေလိုက်သည်။

All of my soul to baby (Complete) Uni & Zawgyi⚠️Donde viven las historias. Descúbrelo ahora