Part 10

24.4K 1.2K 18
                                    

Unicode

အခုတော့ ကားတစ်စီးနဲ့လက်ယားလက်ယားလုပ်နေတာ အာသောတိမ်မာန်ပါ။ အသက်ပြည့်လို့ ကားဝယ်ပေးလိုက်တာနဲ့အလွတ်မပေးရဲဘူး ကြည့်လိုက်မရှိတော့ဘူး ကိုကိုနဲ့ချိန်းထာလို့၊ ကိုကို့ကိုရုံးမှာသွားတွေ့မလို့ ဆိုပြီးထွက်ထွက်သွားတာအမြီးတောင်မမြင်ရ။ အမှန်တော့ သူကားလျှောက်မောင်းနေတဲ့နောက်ကို ကမ္ဘာရိုးမြေက လျှောက်လိုက်နေရတာပါ။ အခုလဲ သူ့ကားရှေ့ကရပ်လိုက်တာနဲ့နောက်က ကမ္ဘာရိုးမြေကားက ရပ်ပြီးသားပဲ။ ကားအောက်ဆင်းကာ လမ်းဘေးထိုင်ရင်း

"ကိုကို!"

"ပြောစေဗျာ"

"ကိုကို ညဘက်ကားပြိုင်ရင်လေ သားလဲလိုက်ချင်တယ်"

"နေပါအုန်း ကိုကိုသွားတာ ဘယ်လိုလုပ်သိသွားတာလဲ"

"သိတာပေါ့ ကျောင်းတုန်းက ပြောနေတာကြားတာ၊ ကိုကို သားကိုခေါ်နော်"

"ဘေဘီ့ကိုအိမ်ကလွှတ်ပါ့မလား"

"ကိုကိုကလဲ သားကို,ကိုကို့အိမ်မှာ အိပ်ဖို့ခေါ်သွားမယ်ဆိုပြီးခေါ်ပေါ့"

"အော် အပြစ်တွေကိုကို့ပေါ်ပုံအောင်လို့ပေါ့၊ ယောက္ခမကြီးသိသွားလို့ ဆူရင်ဘယ်လိုလုပ်မလဲ"

"ကိုကိုက သားကိုမချစ်ဘူးလား"

"အဲ့ဒါနဲ့ပဲအနိုင်ယူနေတာ၊ လာအုန်း"

သူ့လက်ကိုဆွဲကား ကိုကိုကသူ့ကားဆီခေါ်သွား၏။ ကားနောက်ခိုင်းမှာထိုင်တော့

"ကိုကို ဘာပြောမလို့လဲ"

"နမ်းမလို့!"

"ဟင်!"

"ပြွတ်!"

နှုတ်ခမ်းနှစ်ခုထပ်တူကျတော့ မျက်လုံးစုံမှိတ်ကာနှုတ်ခမ်းကိုတင်းတင်းကြီးစိထားတဲ့ဘေဘီ။

"ပြွတ်! ဘေဘီနှုတ်ခမ်းစိမထားနဲ့ဟလိုက်"

သူပြောတော့လဲနှုတ်ခမ်းကိုဟပေး၏။ မာန်လေးပါးကိုကိုင်ကာ ကမ္ဘာရိုးမြေကဟပေးတဲ့ပါးစပ်ထဲလျှာကိုတိုးဝင်ပစ်၏။ လျှာချင်းထိသွားတဲ့အခိုက်အတန့်မှာ မာန်ကသူ့ကိုကိုလက်ကိုဆွဲကိုင်လိုက်၏။ ကိုကိုနဲ့သူဟိုတစ်ခါနမ်းဖူးပေမယ့် အဲ့တုန်းကဒီလိုမဟုတ်။ ဒီတစ်ခါက သူ့ရဲ့တဒိန်းဒိန်းခုန်နေတဲ့နှလုံးခုန်နှုန်းကိုသူကိုယ်တိုင်ကြားနေရ၏။ ကိုကိုလျှာကြီးက သူ့လျှာကိုအပေါ်အောက်လိမ်ပတ်နေပြီး ဆွဲစုတ်နေ၏။ ဒါကဘယ်လိုခံစားမှုလဲ သူ့ရင်အစုံမှာမောဟိုက်လာသလို မယိုးမယွဖြစ်စေသည်။

All of my soul to baby (Complete) Uni & Zawgyi⚠️Tahanan ng mga kuwento. Tumuklas ngayon