Unicode
ရင်းနှီးတဲ့အသိုင်းအဝိုင်းက Wedding dinner party invitation card ရနေကြပြီဖြစ်သည်။ မနက်ပိုင်း ဆွမ်းကျွေးအတွက် ပုဆိုးနဲ့ရှပ်လက်ရှည် ငွေနဲ့အနက်စပ်ထားတာ စီစဉ်ထားပြီး dinner party အတွက်ကတော့ suit ဖြစ်သည်။ လူငယ်တွေအတွက်သီးသန့် dinner ကတော့ သူ့တို့စိတ်ကြိုက်ပဲဝတ်မှာဖြစ်၏။ Dressing room ထဲမှာ အာသောတိမ်မာန်ကဝတ်ကြည့်နေပြီး ရှေ့ထွက်မလာသေး။ လိုက်ကာလေး ဟကာခေါင်းလေးထွက်၍
"ကိုကို"
ကမ္ဘာရိုးမြေလှည့်ကြည့်တော့ လက်ယက်ခေါ်၏။ ဘေးကဝန်ထမ်းလေးတွေကပြုံးစိစိနဲ့။ အခန်းထဲဝင်သွားတော့
"သား ဒီလိုပန်းအခက်တွေအနွယ်တွေထည့်တာမကြိုက်ဘူး၊ ကိုကို့လိုပဲကြိုက်တယ်"
Coat ရဲ့ကော်လံမှာ ကွဲထွက်သွားအောင်အနွယ်ပုံစံထည့်ထားကိုမကြိုက်ဘူးပြောနေတာဖြစ်၏။ နှစ်ယောက်စလုံးကုတ်ကအနက်ဖြစ်ပြီး ကမ္ဘာ့ကုတ်က ဗြောင်ဖြစ်သည်။ အောက်ခံကတော့ ဘေဘီကအဖြူဖြစ်ပြီး ကမ္ဘာကတော့အနက်ဖြစ်၏။
"ရတယ် ဘေဘီမကြိုက်ရင်မဝတ်နဲ့ လဲခိုင်းလိုက်မယ် ဗြောင်ပဲဝတ်မှာနော်"
"အင်း"
"ပြွတ်!"
"ကိုကို လွမ်းနေတာ ဒီထဲမှာပဲအလွမ်းဖြေရင်ကောင်းမလားမသိဘူး"
"ကိုကို ဘာဖြစ်နေတာလဲ"
တကယ်ပါ အဲ့ဒိအသံကကချွှဲပြီး သံရှည်ဆွဲကာ နှုတ်ခမ်းဆူပြီးထွက်လာတဲ့အသံ။ ကမ္ဘာရိုးမြေမှာ အသဲတယားယား သူ့ဘေဘီကို ဖက်ပြီးဖျစ်ညှစ်ထားကာ
"ဘေဘီက ကိုကို့ကိုမြူစွယ်နေတာလား"
"ဘာမှမဟုတ်ဘူး ကိုကိုထွက်တော့"
"ရွှတ်! ကိုကိုသွားပြောလိုက်မယ် coat ကိစ္စကို"
အဲ့တော့မှာ သက်ပြင်းချကာ အာသောတိမ်မာန်။ !တကယ် ကိုကိုကမလွယ်ကျော! ဟုလဲသူ့ပါသူပြောလိုက်သေး၏။ Suit ကိစ္စအဆင်ပြေပြီး ဘေဘီ့ကိုအိမ်ပြန်ပို့ရ၏။ အကြောင်းကတော့ ဘေဘီ့ဖေဖေက ပြီးရင်အိမ်တန်းပြန်ခဲ့နော်လို့ မှာလိုက်တာကြောင့်ပင်။
အိမ်ထဲကားဝင်ကာပါကင်ထိုးပြီး အထဲလိုက်တော့ ဘေဘီ့ဒယ်ဒီကဧည့်ခန်းမှာထိုင်နေ၏။
ESTÁS LEYENDO
All of my soul to baby (Complete) Uni & Zawgyi⚠️
Fantasíaကမ္ဘာရိုးမြေ & အာသောတိမ်မာန် 4th Creation Pic Crd. From Pinterest Start : 9.3.2022 End : 15.4.2022 (ရိုး & ကိုယ်ပိုင်တဲ့နေရာ ရဲ့အဆက်တော့မဟုတ်ဘူးပေါ့ ဒါပေမယ့် ဇာတ်ကောင်တွေက ပြန်ပါမှာပါနော်) ကမ္ဘာရိုးမြေ & အာသောတိမ်မာန် (ရိုး & ကိုယ်ပိုင်တဲ့နေရာ ရဲ့အဆ...