Unicode
အာသောတိမ်မာန်၊ ပန်းဧကရီမာန်၊ ယမုံ၊ ဝင့်ဝါ၊ ထူးအံ့ ဆိုတဲ့သူတို့သူငယ်ချင်းတစ်စုကတော့ ပန်းဧကရီကလွဲပြီး ကျန်တဲ့သူတွေက TU တက်ကြ၏။ ပန်းဧကရီလေးကတော့ Management သင်တန်းနဲ့ဘာသားစကားသင်တန်းတွေ လိုက်တက်နေ၏။ သူကျောင်းသွားဖို့ ဒယ်ဒီက ကားတစ်စီးစီစဉ်ပေးထားပြီး သူငယ်ချင်းတွေကိုပါခေါ်သွားခိုင်း၏။ သမီးသင်တန်းတက်ဖို့လဲ ကားတစ်စီးက သပ်သပ်စီစဉ်ပေးထားသည်။ ပန်းဧကရီလေးက အရွယ်ရောက်လာတာနဲ့အမျှ သူ့ဖေဖေနဲ့တူကာ ချစ်ဖို့ကောင်းလာ၏။ သွက်တာတော့ သူ့ဒယ်ဒီနဲ့တူတာဖြစ်ပြီး စွာပါစွာသေးသည်။ ဧကရီလေးက ဂါဝန်လေးတွေ blouse နဲ့ style pen fit size လေးတွေဝတ်တာများပြီး ကျောလည်လောက်ဆံပင်က ပင်ကိုယ်အဖြောင့်လေးနှင့် သူ့ပုံစံကလိုက်ဖက်သည်။ အာသောတိမ်မာန်လေးက ဒူးအထက်ရှော့ပင်လေးတွေအဝတ်များသည်။ အခုတော့ကျောင်းတက်ရမယ်ဆိုတော့ ပုဆိုးလေးနဲ့အာသောတိမ်မာန်လေးက တစ်မျိုးလေး ကြည့်ကောင်းနေပြန်ပါရော။
"ကျောင်းတက်ရတာပျင်းစရာကြီးနော်၊ ဟေ့ရောင် တိမ်ကြီး ကန်တင်းသွားမယ်"
ထူးအံ့ကအဖော်စပ်တော့သည်။ ဒီကောင်ထူးအံ့က အာသောတိမ်မာန်ကို တိမ်ကြီးလို့စခေါ်တာဖြစ်ပြီးသူတို့တစ်ဖွဲ့သားလုံးကြားထဲ တိမ်ကြီးဆိုတဲ့နာမည်ကတွင်သွားတာဖြစ်၏။
"အေးသွားကြမယ်"
ဘယ်အချိန်ထဲက လစ်ချင်နေလဲမသိတဲ့ အာသသောတိမ်မာန်ကတော့ ချက်ချင်းထ၏။ ဒါကိုမိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ယမုံနဲ့ဝင့်ဝါကတားသည်။
"ဟဲ့ ငါတို့ရုပ်ကို အတန်းထဲကလူတွေမှတ်မိအောင် ခဏတော့နေပါအုန်း"
"အေးလေ စာလေးဘာလေး လိုက်လုပ်ကြမယ်"
"ပထမနှစ်ပဲရှိသေးတယ် ဘာစာလဲ၊ မလိုက်ချင်နေခဲ့"
အာသောတိမ်မာန်က ထိုသို့ပင်။ မိန်းကလေးတွေဆိုပြီးမျက်လုံးထဲမြင်တာလဲမဟုတ်။ ကန်တင်းရောက်တာနဲ့ ထူးအံ့က မာန်လေးကိုစွယ်တော့သည်။
"ဟေ့ရောင် ထန်းရည်သောက်ကျမလား ဒီဆိုင်မှာရတယ်"
"မဖြစ်ဘူး ဟေ့ရောင် ဖေဖေဆူလိမ့်မယ်"
BINABASA MO ANG
All of my soul to baby (Complete) Uni & Zawgyi⚠️
Fantasyကမ္ဘာရိုးမြေ & အာသောတိမ်မာန် 4th Creation Pic Crd. From Pinterest Start : 9.3.2022 End : 15.4.2022 (ရိုး & ကိုယ်ပိုင်တဲ့နေရာ ရဲ့အဆက်တော့မဟုတ်ဘူးပေါ့ ဒါပေမယ့် ဇာတ်ကောင်တွေက ပြန်ပါမှာပါနော်) ကမ္ဘာရိုးမြေ & အာသောတိမ်မာန် (ရိုး & ကိုယ်ပိုင်တဲ့နေရာ ရဲ့အဆ...