Part (8) Zg + Uni

2.4K 102 3
                                    

မမရဲ့ယောက်ျားဟာ ကျွန်တော် ဇောင်မြဲဖြန် တစ်ယောက်တည်း ပဲဖြစ်ရမယ်... (or) မမ က ကျွန်တော့် အပိုင် 👽👽👽
>>>>>>>>👽👽👽👽 (Part - 8)

" မင်း မိုးစက်မေ နဲ့  လက်ထပ်ရမယ် ဇောင်မြဲဖြန် ...... "

" ဘာ....!!!! ကျွန်တော့် ကို မာမီ အသည်းအသန်​ဖြစ်​တယ်​ဆိုပြီး ဖုန်းဆက်ခေါ်တာ ဒီကိစ္စ ​ပြောဖို့​ပေါ့ ဟုတ်​လား ဒယ်​ဒီ....."

ညကြီးမင်းကြီး မာမီ အသည်းအသန်​ ဖြစ်​တယ်​ဆိုပြီး
ဒယ်​ဒီ က ဖုန်းဆက်​​ခေါ်တာ​ကြောင့်​ ​သူ ဒယ်​ဒီ အိမ်​ကို
လာခဲ့မိသည်​။ အခု ကြားလိုက်​ရတဲ့ စကားက သူ့ကို ​ဒေါသ
အ​တော်​ ထွက်​သွား​စေသည်​။

" ဟုတ်​တယ်​ မင်းကို ဒီကိစ္စ ​ပြောဖို့အတွက်​ ငါ လိမ်​ပြီး ​ခေါ်
လိုက်​တာပဲ ​ဇောင်​မြဲဖြန်​ ..........."
" မင်း မိုးစက်​​မေ ကို လက်​ထပ်​ရမယ်​ "

" ကျွန်​​တော့်​က လက်​မထပ်​ဘူးဆိုရင်​​ရော ဒယ်​ဒီ......"

" မင်း မှာ ငြင်းပိုင်​ခွင့်​မရှိဘူး ​ဇောင်​မြဲဖြန်
မဟုတ်​ရင်​ မင်း အဘွား​ ငါ့ကို ​ပေးခဲ့တဲ့ စံအိမ်​ကို
ငါ ​ရောင်းပစ်​မယ်​........."

" အဟား.......ဟား.......ဟား
ဒယ်​ဒီ.........ဒယ်​ဒီ က သိပ်​ကို လည်​ပါလား....
ဒယ်​ဒီ ကို ဘွား က တစ်​ခုတည်း ​နောက်​ဆုံးလက်​​ဆောင်
အဖြစ်​ ​ပေးခဲ့တဲ့ စံအိမ်​ ကို ကျွန်​​တော်​ သ​ဘောကျ​နေမှန်း
သိ​တော့ ဒယ်​ဒီ က ဒါကို ခုတုံး လုပ်​ချင်​တာ​ပေါ့
ကျွန်​​တော်​ လက်​မထပ်​ ထပ်​​အောင်​ "

" မင်း သိရင်​ ပြီးတာပဲ ​ဇောင်​မြဲဖြန်​ "

" ဒါ​ပေမဲ့ ဘယ်​လိုလုပ်​မလဲ ဒယ်​ဒီ.......ဒယ်​ဒီ ထက်
ကျွန်​​တော့်​ က ပိုလည်​​နေတယ်​......ကျွန်​​တော်​ အရမ်းကြိုက်
တဲ့ စံအိမ်​ ကို ဒယ်​ဒီ ဒီလို အကြပ်​ကိုင်​မှာမှန်း ကျွန်​​တော်
သိ​နေလို့ ဒယ်​ဒီ စံအိမ်​ကို ကျွန်​​တော့်​ အပိုင်​ဖြစ်​​အောင်
လုပ်​လိုက်​ပြီ.......

" ဘာ........မင်း ဘာ​ပြောလိုက်​တာလဲ ​ဇောင်​မြဲဖြန်​.....
မင်း ဘာ​ပြောလိုက်​တာလဲ "

" တန့်​.......တန့်​......တန့်​ ဒီမှာ စာချုပ်​ "

ဇောင်​ သူ့ ဖုန်းထဲက ဓာတ်​ပုံအဖြစ်​ ရိုက်​ကူးထားတဲ့
မြေဂရမ်​ စာချုပ်​ကို သူ့အ​ဖေ ဦးရာမင်း ကို ပြလိုက်​သည်​။
ထိုအခါ ဖုန်းထဲက ​မြေဂရမ်​ စာချုပ်​မှာပါတဲ့ သူရဲ့ လက်​မှတ်​ကို
ဦးရာမင်း ​တွေ့လိုက်​ရ၍ မျက်​လုံးပြူးသွားခဲ့သည်​။

မမရဲ့ ယောင်္ကျားက ကျတော် ‌‌ဇောင်မြဲဖြန် တစ်ယောက်တည်းပဲဖြစ်ရမယ် Tahanan ng mga kuwento. Tumuklas ngayon